Idaဟာရီကိန်းမုန်တိုင်း အကြွင်းအကျန်များကြောင့် လူသေဆုံးစေတဲ့အထိ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဆိုးဝါးစွာဖြစ်ပေါ်နေတဲ့ နယူးယောက်မြို့

//s9.kh1.co/de/deeb5c0b8168ee675f66733b3113f06b89c34a81.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံ နယူးယောက်နှင့် နယူးဂျာဆီပြည်နယ်တွေမှာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Ida ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ရေကြီးမှုတွေ ဆိုးရွားစွာဖြစ်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ရေကြီးရေလျှံမှုတွေကြောင့် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul ကအရေးပေါ်အခြေအနေတစ်ရပ် ကြေညာထားပြီး လေယာဉ်ခရီးစဉ်ပေါင်း (၃၇၀)ကျော်ကိုလည်း ရွှေ့ဆိုင်းလိုက်ရသလို မြေအောက်ရထားလိုင်းများလည်း ပိတ်ထားခဲ့ရပါတယ်။

PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN

CNN သတင်းဌာနရဲ့ဖော်ပြချက်တွေမှာ အဆိုပါရေကြီးရေလျှံမှုတွေကြောင့် နယူးယောက်နှင့် နယူးဂျာဆီပြည်နယ်တွေမှာ အနည်းဆုံး (၃၈)ယောက် သေဆုံးခဲ့ကြောင်း ဖော်ပြချအရသိရပါတယ်။နယူးယောက်တွင် (၁၅) ယောက်နှင့် နယူးဂျာဆီတွင် (၂၃) ယောက် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူတွေအများစုမှာ ရုတ်တရက် ရေကြီးမှုတွေကြောင်း မိမိတို့ရဲ့ မြေအောက်အိမ်ခန်းတွေမှာ ပိတ်မိပြီး သေဆုံးကြတာဖြစ်ပါတယ်။

PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN
PhotoCredit - CNN

နယူးယောက်နှင့် နယူးဂျာဆီပြည်နယ်တွေမှာ လျှပ်တပြက်ရေကြီးမှုတွေအပြင် လေဆင်နှာမောင်းတိုက်ခတ်ခြင်းတွေပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ ယခုတွေ့မြင်ရတဲ့ ဗီဒီယိုကတော့ နယူးယောက်မြို့ရဲ့ မြေအောက်ရထားလမ်းတချို့မှာ ရေများဒလဟော ဝင်ရောက်နေတဲ့အပြင် မြို့အတွင်းကကားလမ်းပေါ်တွေမှာ ကားများမြုပ်လုနီးပါးဖြစ်တဲ့အထိ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ Ida မုန်တိုင်းဟာ လူဝီစီယားနားပြည်နယ်တွင်မှာ အဆင့် (၄)ဆင့်နဲ့ ဟာရီကိန်းမုန်တိုင်းအဖြစ် ဩဂုတ် (၂၉) ရက်နေ့က ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T