မြို့လယ်ခေါင်လမ်းမကြီးပေါ်မှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းသုံးနေတဲ့ အမျိုးသမီးငယ်ဆီက ဖုန်းကို အတင်းလုယူကာ ထွက်ပြေးသွားတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/6a/6a698e3e808bd6b9c08c99556fd0ba2a2365cf12.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မြို့လယ်ခေါင်လမ်းမကြီးပေါ်မှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းသုံးနေတဲ့ အမျိုးသမီးငယ်ဆီက ဖုန်းကို အတင်းလုယူကာ ထွက်ပြေးသွားတဲ့ ဗီဒီယိုဖိုင်

ခေတ်ပျက်ကြီးလို ဖြစ်နေတဲ့ ယခုလိုကာလကြီးမှာ လူ့အသက်တစ်ချောင်းဟာလည်း လွယ်လွယ်နဲ့ ဆုံးရှုံးနိုင်သလို ခိုးယူလုယက်မှုတွေကလည်း ပိုပေါများလာနေပါတယ်။ စီးပွားရေးအဆင်မပြေဖြစ်နေတဲ့ ယခုလိုအချိန်မှာ ဖောက်ထွင်းခိုးယူခံရမှုတွေ၊ လုယက်သတ်ဖြတ်ခံရမှုတွေ၊ အနုကြမ်းစီးမှုတွေ ကလည်း ပေါများနေတာကြောင့် ပြည်သူတွေဟာ မလုံခြုံစွာနဲ့ စိုးရိမ်ထိတ်လန့်စွာနေထိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မော်လမြိုင်မြို့ရှိ မိန်းကလေးငယ်လေးတစ်ဦးထံက ဖုန်းကို လုယက်ပြီး ထွက်ပြေးသွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

မော်လမြိုင်မြို့၊ အောက်လမ်းမကြီး၊ မရမ်းကုန်းထိပ်က လူစည်ကားတဲ့ မြို့လယ်ခေါင်လမ်းမကြီးမှာ ယခုလိုအတင့်ရဲပြီး ဖုန်းလုယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးက ဆိုင်ကယ်ပေါ် ထိုင်ပြီး ဖုန်းသုံးနေတဲ့အချိန် ဘေးကဖြတ်သွားတဲ့ လူနှစ်ဦးက ဖုန်းကို အမြန်လုယူပြီး ဆိုင်ကယ်မောင်းကာ ထွက်ပြေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ အတင့်ရဲပြီး လုယက်တဲ့ အဆိုပါအဖြစ်အပျက်က ယခင်ကမော်လမြိုင်မြို့မှာ တစ်ခါမှမဖြစ်ဖူးသေးဘဲ ယခုအခါမှ ပထမဆုံးအကြိမ်ဖြစ်ပွားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဖုန်းလုယက်သွားသူနှစ်ဦးဟာ လူငယ်အရွယ်လေးတွေဖြစ်ကြတယ်ဆိုတာကို CCTVမှတ်တမ်းဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။ ယခုဖြစ်ရပ်ကို သင်ခန်းစာယူပြီး ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာပါက ဖုန်းမသုံးဘဲ ပတ်ဝန်းကျင်ကို သတိထားဖို့၊တစ်ယောက်တည်းအပြင်ထွက် မသွားလာဖို့၊ တန်ဖိုးကြီးပစ္စည်းတွေကို ဝတ်ဆင်ပြီး အပြင်မထွက်ကြဖို့၊ ညနက်တဲ့အထိ အပြင်မှာ မနေထိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ မိန်းကလေးငယ်တစ်ဦးဆီက ဖုန်းကို လုယက်ပြီး ထွက်ပြေးသွားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T