အရမ်းလွမ်းနေရတဲ့ ကွယ်လွန်သူခင်ပွန်းဖြစ်သူအတွက်ရည်စူးပြီး သိန်းဆယ်ချီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ရွှေရည်သိန်းတန်

//s9.kh1.co/b0/b05ba86a1c0dc25a94c34a8d8d08e2bf540f9756.jpeg
အနုပညာရှင်များ

 ၀၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာသံစဉ်အဆိုတော် ရွှေရည်သိန်းတန်ကတော့ မကြာသေးခင်ကမှ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးကုသိုလ်တွေ ပြုလုပ်နေသူ ဖြစ်ပါတယ်။ သတိရလွမ်းဆွတ်နေတဲ့ ခင်ပွန်းဖြစ်သူ ကောင်းရာသုဂတိလားစေဖို့ကို နေ့စဉ်နဲ့အမျှ ဘုရားရှိခိုးတိုင်း မပျက်မကွက်မေတ္တာပို့ဆုတောင်းပေးနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc

မကြာခဏဆိုသလို အလှူကြီးပေးလှူဒါန်းတတ်တဲ့ ရွှေရည်သိန်းတန်ကတော့ ဒီကနေ့မှာလည်း ခင်ပွန်းအတွက် ရည်စူးကာ အလှူငွေတွေ သိန်း(၃၀) လှူဒါန်းခဲ့ပြန်ပါတယ်။

ကွယ်လွန်သူခင်ပွန်းဖြစ်တဲ့ ဘုရားဒကာကြီးကို ရည်စူးပြီး ကံမြင့်ကျောင်းဓမ္မာရုံတော်ကြီး မျက်နှာကျက်အမိုးအတွက် အလှူငွေတွေ ထည့်ဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc

ရည်စူးကုသိုလ်လေးတွေနဲ့ ကောင်းမှုတွေပြုပေးရင်း ကွယ်လွန်သူလည်းထပ်တူကုသိုလ်ရပြီး မြင့်မြတ်တဲ့ဘုံဘဝမှာ သာသနာပြုနိုင်ဖို့အတွက် ဆုတောင်းစကားလေးတွေနဲ့ မေတ္တာပို့ထားပါသေးတယ်..။

သူမရဲ့အလှူလေးတွေကို ဝေမျှရင်း ခင်ပွန်းဖြစ်သူကို အရမ်းလွမ်းနေတဲ့အကြောင်းလေးတွေလည်း ပြောပြထားတဲ့ ရွှေရည်သိန်းတန်အတွက် ပရိသတ်တွေကလည်း နှစ်သိမ့်အားပေးထားသလို အလှူလေးအတွက်လည်း မုဒိတာပွားသာဓုခေါ်ထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Shwe Yee Thein Than's Fb Acc
Photo Credit - Shwe Yee Thein Than's Fb Acc

သတင်း အရင်းအမြစ်Shwe Yee Thein Than's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T