ဘန်ကောက်မြို့ရဲ့ လမ်းမတွေ အထက်မှာ လူအင်အား ထောင်ချီပြီး နေ့ရော ညပါ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ထိုင်းနိုင်ငံက ပြည်သူများ

//s9.kh1.co/83/83db2e4b260a6d13f68de70f3e878034a9586fa6.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

စစ်မှန်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်ကို ပိုင်ဆိုင်ချင်ကြတဲ့ အချို့ နိုင်ငံတွေမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပုံစံမျိုးစုံနဲ့ အစွမ်းကုန် ပြုလုပ်လျက်ရှိကြပါတယ် ။ ထိုင်းနိုင်ငံမှာဆိုရင်လည်း စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်ကို နှုတ်ထွက်ပေးရေး အတွက် ပြည်သူတွေ စုပေါင်းပြီး လှုပ်ရှားမှုတွေကို နေ့ရက်တိုင်း ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ထိုင်းရဲတပ်ဖွဲ့တွေ အနေနဲ့လည်း ဆန္ဒပြ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဖြိုခွင်းတာတွေ လုပ်ခဲ့ကြတာကို ထိုင်းနိုင်ငံရဲ့ လှုပ်ရှားမှု ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ် ။ ဒီလို ဖမ်းဆီးတာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံက ပြည်သူတွေအနေနဲ့ကတော့ အားမလျော့ဘဲ နေ့ရက်တိုင်း နည်းမျိုးစုံကို သုံးကာ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြသရင်း လှုပ်ရှားမှုတွေ ပြုလုပ်နေကြဆဲပါ ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

စက်တင်ဘာလ (၂) ရက်နေ့မှာဆိုရင်လည်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့ အလယ်ခေါင်က လမ်းမတွေအထက်မှာ လူအင်အား ထောင်ချီပြီး နေ့ရော ညပါ ပုံစုံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို တွေ့ရပါတယ် ။ လက်သုံးချောင်း ကိုယ်စီထောင်ကာ လူကြီး လူငယ်မရွေး ပါဝင်ခဲ့ကြတာလည်းဖြစ်ပါတယ် ။ ထိုင်းနိုင်ငံရဲ့ ဆန္ဒထုတ်ဖော်မှုတွေကတော့ အားမလျော့သွားဘဲ ဆက်လက် အရှိန်ကောင်းနေဆဲပါ ။ ပရိသတ်ကြီးအတွက် ထိုင်းနိုင်ငံက ပြည်သူတွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T