ပျော်ရွှင်စရာကောင်းတဲ့ မိသားစုထမင်းဝိုင်းလေးမှာ အတူတူစားချင်တာကြောင့် ငြိမ်းချမ်းတဲ့ အမှန်တရားဘက်ကို ရဲရဲဝံ့ဝံ့ခိုလှုံလာဖို့ နွေးထွေးစွာ ဖိတ်ခေါ်လာခဲ့တဲ့ မင်းတပ် CDF

//s9.kh1.co/c0/c0df45774b037baeca978fb73c13ec37f00beccd.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းတွေကတော့ CDM တွေပြုလုပ်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးကြတာ တွေ့ရပါတယ်။ ဒီလိုရပ်တည်ပေးလာကြတဲ့ သူတွေကိုလည်း ပြည်သူတွေက ကြိုဆိုပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့က CDF တွေဆိုရင်လည်း အာဏာရှင်လူတစ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေနဲ့ ရဲဝန်ထမ်းတွေကို လက်နက်အပြည့်စုံဖြင့် CDM ပြုလုပ်ရင် ငွေကျပ်သိန်း(၅၀) ဆုချီးမြှင့်ပေးမည့်အပြင် ၎င်းတို့ဆီမှာ ခိုလှုံခွင့်ပေးမည်အကြောင်း ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။

PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat

ဒီလို မင်းတပ် CDF တွေရဲ့ ထုတ်ပြန်ထားတဲ့အတိုင်း အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က လက်နက်အပြည့်စုံဖြင့် CDM ပြုလုပ်ပြီး ခိုလှုံလာခဲ့ပါတယ်။ အဆိုပါ ရဲဘော်ကိုတော့ မင်းတပ် CDF တွေက ကတိပေးထားတဲ့အတိုင်း နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုငွေများချီးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။ ယခုမှာလည်း မင်းတပ် CDF ရဲဘော်တစ်ဦးက ကြည်နူးပီတိ ဖြစ်စေမယ့် ပုံရိပ်တချို့ကို ဖော်ပြလာခဲ့ပါတယ်။

PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat

ဒါကတော့ CDM ပြုလုပ်လာခဲ့တဲ့ ပြည်သူ့ဘက်တော်သားနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုထမင်းဝိုင်းသဖွယ် နွေးထွေးပျူငှာစွာမြိန်ရေရှက်ရေ စားသောက်နေကြတာ ဖြစ်ပါတယ်။ 

ဒါအပြင် နောက်ထပ်ပြည်သူ့ဘက်တော်သားတွေကိုလည်း CDMပြုလုပ်ပြီး ဒီလိုပျော်စရာကောင်းတဲ့ ထမင်းဝိုင်းလေးမှာ အတူတူစားချင်ပြီဆိုကာ နွေးထွေးစွာ ဖိတ်ခေါ်ထားပါသေးတယ်။ 

PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat

သတင်း အရင်းအမြစ်Source - CDF Mindat

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T