ရဲဘော်တွေအားလုံး ညနေစာစားရဖို့အတွက် ကြိုးစားပမ်းစား ငါးဆင်းဖမ်းပြီး ဟင်းစားရအောင်ရှာပေးနေတဲ့ PDF လူငယ်လေးတွေရဲ့ပုံရိပ်များ

//s9.kh1.co/4c/4cbfd11761b2b12da8c86ece8fe9d41b57495235.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရဲဘော်တွေအားလုံး ညနေစာစားရဖို့အတွက် ကြိုးစားပမ်းစား ငါးဆင်းဖမ်းပြီး ဟင်းစားရအောင်ရှာပေးနေတဲ့ PDF လူငယ်လေးတွေရဲ့ပုံရိပ်များ

ပြည်သူ့သူရဲကောင်းတွေလို့ တင်စားခေါ်ဝေါ်ကြတဲ့ PDF လူငယ်တွေကတော့ ပြည်သူအားလုံးရဲ့ရည်မှန်းချက်တွေ ပြည့်ဝနိုင်ဖို့အတွက် ကိုယ်ကျိုးစွန့်ပြီး ကြိုးစားပေးနေကြတာ ဖြစ်ပါတယ် ။ ချစ်ရတဲ့မိသားစုတွေကို စွန့်ခွာပြီး တောထဲတောင်ထဲမှာ စစ်ပညာသင်ယူနေတဲ့ လူငယ်တွေက သူတို့ရဲ့အသက်ကိုတောင်ရင်းထားရတာ ဖြစ်ပါတယ် ။ တစ်ချို့လူငယ်တွေဆိုရင် အသက်ငယ်ပေမယ့် ရဲစွမ်းသတ္တိအပြည့်ရှိတာကြောင့် ရှေ့တန်းမှာပါ တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ပြည်သူ့ရဲဘော်တွေက တစ်ခါတစ်ရံမှာတော့ သူတို့ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံတွေကို အားလုံးသိအောင် မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူ့ရဲဘော်တစ်ဦးက ညနေစာစားရဖို့အတွက် ဟင်းစားထွက်ရှာရတဲ့ PDF လူငယ်တွေရဲ့ပုံရိပ်တွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ပြည်သူ့ရဲဘော်တွေကတော့ ရေအိုင်ထဲကိုဆင်းပြီး ကြိုးစားပမ်းစား ငါးဖမ်းနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc

ရလာတဲ့ ငါးသေးသေးလေးတွေကိုတော့ အစိမ်းသုတ်စားပြီး ညနေစာအတွက် ဝမ်းရေးဖြေရှင်းလိုက်ကြတာ ဖြစ်ပါတယ် ။တစ်ပတ်မှ တစ်ခါသာ အသားဟင်းစားရတဲ့ ပြည်သူ့ရဲဘော်တွေခမျာ တောထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရပေမယ့်လည်း စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ရှိတာလေးနဲ့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်သူ့ရဲဘော်တွေက သွေးမတော်သားမစပ်ပေမယ့် တကယ့်ညီအစ်ကိုအရင်းအချာတွေလို ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ် ။ သူတို့ညီအစ်ကိုတွေ ညနေစာစားရဖို့အတွက် ငါးရှာပေးနေတဲ့ ရဲဘော်တွေရဲ့ပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Saw Thae Ko's FB Acc

Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Photo Credit-Saw Thae Ko's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T