မီးဖွားပြီးလမ်းဘေးမှာ ချက်ကြိုးတန်းလန်းနဲ့ ထိုင်နေတဲ့ စိတ်မကျန်းမာသူအမျိုးသမီးကို တစ်ဘဝလုံးစာလုံခြုံအောင် ကူညီပေးလိုက်တဲ့ ပြည်သူများ

//s9.kh1.co/17/17ff4175b01d2cd2c85940c81578f1048a1bd690.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မီးဖွားပြီးလမ်းဘေးမှာ ချက်ကြိုးတန်းလန်းနဲ့ ထိုင်နေတဲ့ စိတ်မကျန်းမာသူအမျိုးသမီးကို တစ်ဘဝလုံးစာလုံခြုံအောင် ကူညီပေးလိုက်တဲ့ ပြည်သူများ

ယခုလိုအခြေအနေဆိုးရွားနေတဲ့ ကာလကြီးမှာ ဒုက္ခရောက်နေတဲ့ လူတွေကို ပြည်သူတွေက သူတို့တတ်နိုင်သလောက် ကူညီဖေးမမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ ပြီးခဲ့တဲ့ (14.8.2021) စနေနေ့ည(7:30)ခန့်က မုဒုံမြို့၊ သာယာကုန်းကျေးရွာအတွင်းက လမ်းဘေးမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦးဟာ ကလေးမီးဖွားနေခဲ့ပါတယ်။ အသက်(၄၀)အရွယ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးဟာ မီးဖွားပြီး ချက်ကြိုးတန်းလန်းနဲ့ကလေးမှာ ရေမြောင်းထဲကျနေတာ​ကို သာယာကုန်းကျေးရွာသားတွေက မြင်တွေ့သွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သာယာကုန်းကျေးရွာသားတွေက သားဖွားဆရာမကို ခေါ်ပြီး ကလေးချက်ကြိုးဖြတ်ကာ စိတ်ကျန်းမာရေးမကောင်းသူရော၊ ရင်သွေးငယ်လေးကိုပါ  အချိန်မှီကယ်တင်ပေးခဲ့ပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်နဲ့ရင်သွေးငယ်လေးကို ရွာသားတွေက ခဏတာစောင့်ရှောက်ပေးခဲ့ပြီးနောက်မှာတော့ စိတ်ကျန်းမာရေးမကောင်းတဲ့မိခင်ကို မြတ်သုခစိတ်ကျန်းမာရေး ကုသဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ယခုမှာတော့ ကျန်းမာရေးအခြေအနေကောင်းမွန်တာကြောင့် အဆိုပါမိခင်ဟာ ဆေးရုံက ပြန်ဆင်းလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စိတ်ကျန်းမာရေးကောင်းမွန်လာတဲ့ မိခင်က သူ့ရဲ့ရင်သွေးငယ်လေးကို ပြန်တွေ့လိုက်တဲ့ အချိန်မှာတော့ ချက်ချင်းချီပြီး ချစ်တယ်ချစ်တယ်လို့ပြောကာ နို့တွေပါတိုက်နေခဲ့ပါတယ်။ ယခုအခါမှာတော့ စိတ်ကျန်းမာရေးကောင်းမွန်တဲ့ မိခင်ရော ရင်သွေးငယ် ကလေးပါ မခွဲမခွာနဲ့ အတူတကွလုံခြုံတဲ့ နေရာမှာ နေထိုင်ခွင့်ရသွားပြီဖြစ်ပါတယ်။ မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာက အဆိုပါမိခင်နဲ့ ရင်သွေးငယ်ကို တစ်ဘဝလုံးစာ စောင့်ရှောက်ဖို့ တာဝန်ယူလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T