ခြင်္သေ့တွေ ဝိုင်းကိုက်လို့ သေရတော့မယ့်အခြေအနေကနေ ကံကောင်းပြီးလွတ်မြောက်ခဲ့တဲ့ကျွဲ

//s9.kh1.co/19/19e3d600bb9ee6e4a07349ff9bc4434ae2b90295.jpg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော အင်တာနက်ပေါ်မှာဆိုရင်တော့

ခြင်္သေ့ကိုးကောင်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကနေ ကံအရမ်းကောင်းပြီး လွတ်မြောက်ခဲ့တဲ့ ကျွဲတစ်ကောင်ရဲ့ ဗီဒီယိုဟာ လူစိတ်ဝင်စားမှု များနေတာကိုတွေ့ရပါတယ်။

ဒီဗီဒီယိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက South Africa မှာဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားနိုင်တဲ့ ဗီဒီယိုတစ်ခုလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=637,q=100/c8/c806590772893f6b301d664c13e5fcee9e694f48.jpg
https://s9.kh1.co/__image/w=615,h=615,q=100/84/8449ad0d1c36a21f283ef6d752b9279e9c569a12.jpg

ဗီဒီယိုရဲ့အစမှာတော့ ခြင်္သေ့ ကိုးကောင်ဟာ ကျွဲတစ်ကောင်ကို ဝိုင်းဝန်းတိုက်ခိုက်နေတာကိုတွေ့ရပါတယ်...

တိုက်ခိုက်ခံရတဲ့ကျွဲကလည်း တစ်ကောင်ထဲအဖော်မဲ့နေတာကြောင့် ခြင်္သေ့တွေရဲ့ တိုက်ခိုက်မှုကို ကောင်းကောင်းမတုန့်ပြန်နိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ကျွဲဟာ သူ့တတ်နိုင်သလောက်

ခြင်္သေ့တွေရဲ့တိုက်ခိုက်မှုကို ပြန်လည်ခုခံခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=615,q=100/cc/cc8f991d983f696b7ad36d05a2002425f1e6678d.jpg

ကံအရမ်းကောင်းလွန်းတာက ၄င်းကျွဲဟာ ခြင်္သေ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အားမပြတ်ခင်လေးမှာတင် သူ့ရဲ့အဖော်တွေရောက်လာပီး ခြင်္သေ့တွေကို ပြန်လည်တိုက်ထုတ်ပေးခဲ့တာကြောင့် အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။

အကယ်၍ အဖော်တွေသာ အချိန်မီမရောက်လာဘူးဆိုရင်တော့ ဒီကျွဲဟာ ခြင်္သေ့တွေရဲ့ အစာဖြစ်သွားဖို့က သေချာသလောက်ပါပဲ။

ပရိသတ်တွေကြည့်ရှု နိုင်စေဖို့အတွက် ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ ရိုက်ကူးမိထားတဲ့ ဗီဒီယိုလေးကိုပါ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်...

https://s9.kh1.co/__image/w=615,h=615,q=100/f5/f5a7942215fb4717ef55b96945be39f9930abf63.jpg

သတင်း အရင်းအမြစ်DailyMail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T