မင်းသမီးခိုင်နှင်းဝေကတော့ စောင့်ရှောက်မှုကင်းမဲ့နေတဲ့ ကလေးငယ်လေးတွေကို သူမရဲ့ဂေဟာမှာ ခေါ်ယူမွေးစားထားတာဖြစ်ပါတယ်။တချို့မိသားစုတွေလည်း အခုချိန်မှာ စီးပွါးရေးခက်ခဲကြပ်တည်းနေရတာကြောင့် မိမိရဲ့ရင်သွေးလေးကို မစွန့်ပစ်ချင်ဘဲ စွန့်ပစ်ခဲ့ရတာတွေလည်းရှိပါတယ်။ခိုင်နှင်းဝေရဲ့မေတ္တာရင်ခွင်အောက်မှာခိုလှုံနေကြတဲ့ သားသား၊မီးမီးလေးတွေက တဖြည်းဖြည်းနဲ့အရွယ်ရောက်လာကြပြီး သိတတ်လိမ္မာကြတာဖြစ်ပါတယ်။
တချို့နေရာတွေမှာ ကလေးတွေစွန့်ပစ်ခဲ့ရင် ဒေသခံပြည်သူတွေက ခိုင်နှင်းဝေဆီဆက်သွယ်ပြီး မွေးစားပေးဖို့တောင်းဆိုကြပါတယ်။မနေ့ကဆိုရင်လည်း သန်လျင်ဘက်မှာ ချစ်စရာသမီးလေးတစ်ယောက်ကို လာပစ်သွားခဲ့တာကြောင့် ရပ်ကွက်နေပြည်သူတွေက သူမရဲ့ဂေဟာကိုပို့ချင်တယ်လို့ ဖုန်းဆက်အကြောင်းကြားလာကြတာဖြစ်ပါတယ်။အရမ်းငိုနေတဲ့သမီးငယ်လေးကို ဖာပုံးထဲမှာတွေ့ပြီး အဝတ်အစားအနည်းငယ်လည်း ထည့်ပေးလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် သမီးလေးအတွက် နို့ဘူးထဲမှာ ထမင်းရည်ထည့်ပေးထားသေးတာဖြစ်ပါတယ်။ကလေးလေးအတွက် နို့မှုန့်ဖိုးတောင်မတတ်နိုင်လို့ ရှိတဲ့ထမင်းရည်ကိုသာ ထည့်ပေးပြီး စွန့်ပစ်လိုက်တာဖြစ်လို့ ခိုင်နှင်းဝေလည်း အရမ်းစိတ်မကောင်းဖြစ်နေတာဖြစ်ပါတယ်။သူမကတော့ သမီးလေးကိုမွေးစားဖို့အတွက် စုံစမ်းစရာတွေကိုလုပ်ဆောင်ပြီးအမှန်တကယ်စွန့်ပစ်ခံရပါက သူမရဲ့ဂေဟာမှာ ခေါ်ယူစောင့်ရှောက်သွားမယ့်အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Khine Hnin Wai’s Fb page