ကြွေလွင့်သွားပြီဖြစ်တဲ့ ဆရာကြီး ​မောင်မိုးသူ(ဘကြီးမိုး)၏အတ္ထုပ္ပတ္တိ

//s9.kh1.co/80/80346b3ba0f7035f9b8a56ff6c41a5c507f381c6.jpeg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မောင်မိုးသူ(ဘကြီးမိုး)သည်မန္တလေးမြို့ဇာတိဖြစ်၍ အဖ သခင် ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇၊ မေလ ၁၇ ရက်နေ့၊တနင်္လာနေ့တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ယောက်ရှိသည်။ အမည်ရင်းမှာ ဦးစိန်မြင့် ဖြစ်ပါသည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန်တောင် မြန်မာ ဘုန်းတော်ကြီး ကျောင်းနှင့်စိန့်ပီတာကျောင်း၊(ယခု အ.ထ.က (၉ )တို့တွင် ပညာသင်ကြားခဲ့သည်။ ( ၁၉၅၆ ခုနှစ်တွင်) တက္ကသိုလ် ဝင်တန်း အောင်ခဲ့ပြီး မန္တလေး တက္ကသိုလ် ၁၉၅၆ မှ ၁၉၅၈ ခုနှစ်ထိ ပညာ သင်ကြားခဲ့ပါသည်။ ဆရာကြီး(ဘကြီးမိုး)သည်မည်သည့်ဘွဲ့မှ မရရှိခဲ့ပါ။

https://s9.kh1.co/__image/w=474,h=732,q=100/07/07c3939864d0087d2d123c5bc38999cad4008452.jpeg

ဆရာကြီးသည်၁၉၆၀ ခုနှစ်တွင် ဒေါ်အမာကြည်(မအမာ) နှင့် အိမ်ထောင်ကျခဲ့သည်။ သားသမီး သုံးယောက်ထွန်းကားခဲ့သည်။ ၁၉၆၁ ခုနှစ်သားကြီး ဖြစ်သူ မောင်ထွန်းမြတ်ဦး၊ ၁၉၆၃ ခုနှစ်တွင်သမီး မအေးသီတာ၊ ၁၉၇၃ ခုနှစ်သားငယ် မောင်ညီညီမိုးသူ ကိုမွေးဖွားခဲ့သည်။ဆရာကြီးမှာ သားသမီးသုံးယောက်၊ မြေးငါးယောက်နဲ့ မြစ်သုံးယောက် ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/ea/ea52223403ec3ab278381a433e3283204a865fbc.jpeg

ဆရာကြီးသည် နိုင်ငံရေး၊စာပေ၊ပန်းချီ၊ထုတ်‌ဝေသူ၊ ဒါရိုက်တာ၊ရုပ်ရှင်နှင့်ဗီဒီရိုအစရှိသောအနုပညာများတွင် ဘက်စုံကျွမ်းကျင်သော လူတစ်ဦးဖြစ်ပါသည်။

ဆရာကြီးသည် စက်တင်ဘာလ ၁ရက်‌​နေ့ ၂၀၂၁ခုနှစ် အသက် ၈၄တွင်ကွယ်လွန်ခဲ့ပါသည်။

အနုပညာလောကအဖို့ ကြီးမားသောဆုံးရှုံးမူတစ်ခုပင်ဖြစ်ပါတော့သည်။

https://s9.kh1.co/__image/w=650,h=575,q=100/50/50b9e525ca4f3601e1e962058588c26a7095a9f7.jpeg

သတင်း အရင်းအမြစ်Wikipedia

Arkar Soe
Tagaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T