ပြည်သူတွေစိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အံ့ဩသွားစေမယ့် သတင်းတစ်ခုထုတ်ပြန်လိုက်တဲ့ ဂျပန်နိုင်ငံရဲ့ တော်ဝင်မင်းသမီးလေး Mako

//s9.kh1.co/1e/1ea15fe06543c8764d46ae95e93de8d451fb2e92.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

အသက်(၂၉)နှစ်အရွယ် ဂျပန်နိုင်ငံရဲ့တော်ဝင်မင်းသမီးလေးဖြစ်တဲ့ Mako ဟာ ပြည်သူတွေအတွက် မထင်ထားတဲ့ သတင်းတစ်ခုကို ရုတ်တရက်ထုတ်ပြန်ကြေညာခဲ့ပါတယ်..။

ပြည်သူတွေကို အံ့ဩစေခဲ့တဲ့ အဆိုပါသတင်းကတော့ ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်တော့မယ့် အကြောင်းဖြစ်ပြီး သူမရဲ့ချစ်သူ ခုမိုရိုခေးအိ Komuro Kei နဲ့ အစောဆုံးဖြစ်တဲ့ အခုနှစ်ကုန်ပိုင်းမှာ လက်ထပ်မှာဖြစ်ကြောင်းကို စက်တင်ဘာလ(၁)ရက်နေ့က ထုတ်ပြန်ခဲ့တာပါ..။

Photo Credit - Original Uploader 
Photo Credit - Original Uploader 
Photo Credit - NIPPON TV NEWS 24 JAPAN
Photo Credit - NIPPON TV NEWS 24 JAPAN

ပြည်သူတွေ စိတ်ဝင်တစားစွာနဲ့ နှစ်ရှည်ကြာစောင့်ကြည့်နေခဲ့တဲ့ သူမတို့နှစ်ဦးရဲ့အချစ်ခရီးဟာ မဖြောင့်ဖြူးဘဲ အခက်အခဲတွေများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတာကြောင့် လက်ထပ်ဖို့ကြန့်ကြာခဲ့နေခဲ့တာပါ..။

ဒါပေမယ့်အခုအခါမှာတော့ ရုတ်တရက်ဆိုသလို သူမတို့ချစ်သူနှစ်ဦး ဒီနှစ်အနှောင်းပိုင်းမှာ လက်ထပ်ထိမ်းမြားမှု စာရင်းသွင်းလိမ့်မယ်ဆိုပြီး နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ 

ချစ်သူ ခုမိုရိုခေးအိ Komuro Kei ​၏ မိခင်ရဲ့ ငွေကြေး အရှုပ်အရှင်းတွေကြောင့် သူမတို့ချစ်သူနှစ်ယောက်ကို ဂျပန်ပြည်သူတွေ တော်တော်များများက သဘောမတူခဲ့ကြပေမယ့် တော်ဝင်မင်းသမီးလေးကတော့ ဘာပဲဖြစ်ဖြစ် သူ့ကိုပဲ လက်ထပ်မယ်လို့ တောက်လျှောက်ပြောလာတာ ဖြစ်ပါတယ်..။

Photo Credit - NIPPON TV NEWS 24 JAPAN
Photo Credit - NIPPON TV NEWS 24 JAPAN
Photo Credit - NIPPON TV NEWS 24 JAPAN
Photo Credit - NIPPON TV NEWS 24 JAPAN

စေ့စပ်ပွဲ နဲ့ လက်ထပ်မင်္ဂလာပွဲ အပါအဝင် တော်ဝင်မိသားစုရဲ့ ပုံမှန် အခမ်းအနား တစ်စုံတစ်ခုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ လည်းအဲဒီ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ 

တော်ဝင်မင်းသမီးလေး Mako မာကိုစံဟာ တော်ဝင်မိသားစုက ထွက်ခွာရင်ရရှိရမယ့် သူမရဲ့ခံစားပိုင်ခွင့်ရှိတဲ့ ငွေကြေးတွေကို လည်းလက်ခံဖို့ ငြင်းဆိုနေတယ်လို့လည်း သိရပါတယ်..။

Photo Credit - NIPPON TV NEWS 24 JAPAN<br>
Photo Credit - NIPPON TV NEWS 24 JAPAN

သတင်း အရင်းအမြစ်NIPPON TV NEWS 24 JAPAN

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T