ကလေးတွေကိုစာသင်ရင်း ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်လို့ ကျောင်းဆရာအလုပ်ကိုရည်ရွယ်ထားပေမယ့် မြေဖြူကိုင်မယ့်အစား သေနတ်ကိုင်ခဲ့တဲ့ PDF ရဲဘော်

//s9.kh1.co/e3/e3c3d70d7f39640647c24e9aeefeaf7233a34a85.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်တွင်းနေရာအနှံ့ ဒေသတော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူတွေမှာလည်း ရောက်တဲ့နေရာကနေ ကြိုးစားတော်လှန်နေကြတာ ဖြစ်ပါတယ်..။

​တော်လှန်ရေးအတွက် လက်နက်ကိုင်ခဲ့ကြတဲ့ သူရဲကောင်းတွေထဲမှာ ဆရာဝန်၊ ကျောင်းဆရာနဲ့ အမျိုးမျိုးသော ပညာတက်လူငယ်တွေလည်း များစွာ ပါဝင်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Zaw Linn Tun's Fb Acc
Photo Credit - Zaw Linn Tun's Fb Acc

အနာဂတ်ရည်မှန်းချက်တွေနဲ့ အသက်ကို စတေးကာ ပြည်သူတွေနဲ့ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ကြိုးစားတိုက်ပွဲနေကြသူတွေထဲမှာ CDM ကျောင်းဆရာလေးဖြစ်တဲ့ KGZ Army က ဗိုလ်ဆော်ရယ် လည်း ပါဝင်ပါတယ်နော်..။

ကလေးတွေကိုစာသင်ရင်း ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်လို့ ကျောင်းဆရာအလုပ်ကို ရည်ရွယ်ထားပေမယ့် မြေဖြူကိုင်မယ့်အစား သေနတ်ကိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်..။

Photo Credit - Zaw Linn Tun's Fb Acc
Photo Credit - Zaw Linn Tun's Fb Acc
Photo Credit - Zaw Linn Tun's Fb Acc
Photo Credit - Zaw Linn Tun's Fb Acc

ပြည်သူတွေအတွက် ရှေ့တန်းထွက် တိုက်ပွဲဝင်နေတဲ့ ဗိုလ်ဆော်ရယ်ကတော့ အခုအချိန်မှာ ဘယ်လောက်မောပန်းနေပါစေ ပြုံးထားပါတယ်ဆိုပြီးတော့လည်း ပြည်သူတွေကို ပြန်လည်အားပေးထားပါသေးတယ်..။

ပြည်သူ့ဘက်တော်သားလူငယ်တွေနဲ့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းရဲဘော်တွေအားလုံး အထိအခိုက်မရှိဘေးကင်းကြစေဖို့ ဆုတောင်းလိုက်ပါတယ်နော်..။

Photo Credit - Zaw Linn Tun's Fb Acc
Photo Credit - Zaw Linn Tun's Fb Acc
Photo Credit - Zaw Linn Tun's Fb Acc
Photo Credit - Zaw Linn Tun's Fb Acc
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T