ထိုင်းအမြင့်ဆုံးထီ နှစ်စောင်တွဲပေါက်ပြီး ဘတ်(၁၂) သန်းကံထူးခဲ့ပေမယ့် ဆုငွေထုတ်ယူဖို့ အခက်အခဲဖြစ်နေတဲ့ ကရင်လူမျိုး ဇနီးမောင်နှံနှစ်ဦး

//s9.kh1.co/66/6654e1c90346e98135fd4564bb4f8b1d77ef31eb.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ထိုင်းအမြင့်ဆုံးထီ နှစ်စောင်တွဲပေါက်ပြီး ဘတ်(၁၂) သန်းကံထူးခဲ့ပေမယ့် ဆုငွေထုတ်ယူဖို့ အခက်အခဲဖြစ်နေတဲ့ ကရင်လူမျိုး ဇနီးမောင်နှံနှစ်ဦး

စားဝတ်နေရေးမပြေလည်တာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်သူတွေများစွာရှိနေခဲ့ပါတယ်။ မနေ့ကတော့ ထိုင်းနိုင်ငံရောက် ကရင်လူမျိုးဇနီးမောင်နှံနှစ်ယောက်ဟာ ထိုင်းထီအမြင့်ဆုံးဆုဖြစ်တဲ့ ဘတ်(6)သန်းဆု နှစ်‌စောင်တွဲပေါက်ပြီး ဘတ်ငွေ(12)သန်း ကံထူးသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီခရိုင်၊ ဘန်းပအင်မြို့နယ်ထဲမှာ နေထိုင်နေတဲ့ ကရင်တိုင်းရင်းသားဇနီးမောင်နှံနှစ်ယောက်ဟာ ထိုင်းထီဘတ်ခြောက်သန်း( 114475 )ဂဏန်းကို နှစ်‌စောင်တွဲ ကံထူးသွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုလိုကံထူးသွားပေမယ့် ကံထူးရှင်ဇနီးမောင်နှံရဲ့ CI- စာအုပ်က (31-3-2021)ရက်နေ့တည်းက သက်တမ်းကုန်နေတာကြောင့် အခက်အခဲတွေရင်ဆိုင်နေရပါတယ်။ အဆိုပါကံထူးရှင်ဇနီးမောင်နှံကတော့ ငွေထုတ်ရန်အခက်အခဲဖြစ်နေတာကြောင့် ထိုင်းရောက်မြန်မာတွေကို ကူညီပေးနေတဲ့ AACမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ပါတယ်။ ယခုမှာတော့ AACအဖွဲ့သားများက ကိုယ်စားလှယ် အာဏာဖြင့် ဆုငွေများထုတ်ပေးနိုင်ရန် ကူညီပေးနေကြပြီး ကိုယ်စားလှယ်လွှဲစာရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားပေးနေကြကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

နေထိုင်ခွင့်အထောက်အထား မပြည့်စုံဘဲ ထီလက်မှတ်ပေါ် လက်မှတ်ထိုးခဲ့တာကြောင့် အခက်အခဲဖြစ်နေခဲ့တာဖြစ်ပြီး AACက ဒါရိုက်တာကိုယ်တိုင် ရဲစခန်းအထိ လိုက်လံဖြေရှင်းပေးနေကြောင်း သိရှိရပါတယ်။ နောက်ပိုင်းဆက်လက်ကြားသိရတဲ့ သတင်းတွေအရ ဆုငွေဘတ်(၁၂)သန်းထုတ်ယူဖို့ ကိုယ်စားလှယ်လွှဲစာ ရရှိခဲ့ပြီ ဖြစ်ပြီး မကြာခင်ဆုငွေတွေကို ထုတ်ယူလို့ရရှိတော့မှာပဲဖြစ်ပါတယ်။ ထိုင်းထီအမြင့်ဆုံးဆုဖြစ်တဲ့ ဘတ်(၆)သန်းကိုမှ နှစ်စောင်တွဲကံထူးသွားခဲ့ပြီး ထိုင်းဘတ်(၁၂)သန်းရရှိခဲ့တဲ့ ကရင်တိုင်းရင်းသားဇနီးမောင်နှံအတွက် ပြည်သူတွေက ဝမ်းသာနေကြပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T