(၂၃)နှစ်အရွယ် Nicole Gee က အသေခံဗုံးခွဲမှုတွင်ကျဆုံးသွားလို့ ရပ်ထားခဲ့တဲ့သူမရဲ့ကားကို အလေးပြုနေကြတဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များ

//s9.kh1.co/78/78f5825c7169d2aea3b490f103b102cc911a888c.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

(၂၃)နှစ်အရွယ် Nicole Gee က အသေခံဗုံးခွဲမှုတွင်ကျဆုံးသွားလို့ ရပ်ထားခဲ့တဲ့သူမရဲ့ကားကို အလေးပြုနေကြတဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များ

အာဖကန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေကြီးစိုးပြီးနောက် ပြီးခဲ့တဲ့အပတ် ဩဂုတ်လ (၂၆)ရက်နေ့တွင် အသေခံဗုံးခွဲမှုဖြစ်ပွါးခဲ့လို့  အမေရိကန်မရိန်းတပ်သား (၁၃)ဦး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲတွင် အသက် (၂၃)နှစ်အရွယ် Nicole Geeလည်း ပါဝင်ခဲ့ပြီး သူမကတော့ မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ Camp Lejeune  က 24th Marine Expedeitionary မှာ ပြုပြင်ထိန်းသိမ်းရေးပညာရှင်တစ်ဦးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့သေးတာဖြစ်ပါတယ်။ 

Photo Credit:From Twitter
Photo Credit:From Twitter
Photo Credit:From Twitter
Photo Credit:From Twitter

အာဖကန်ကိုမထွက်ခွါခင် (၃)ပတ်အလိုကလည်း သူမက ရာထူးတိုးခဲ့ပြီး သယ်ပို့လေယာဉ်ပေါ်တက်ဖို့စောင့်ဆိုင်းနေတဲ့ အာဖကန်ပြည်သူတွေကို စောင့်ကြပ်ပေးနေခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Nicole Gee က ကလေးငယ်တွေအပေါ်မှာလည်း စေတနာထားပြီးဂရုစိုက်ပေးတာဖြစ်ပါတယ်။သူမကျဆုံးခဲ့ပြီးနောက်မှာတော့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေအပြင် မိတ်ဆွေ၊သူငယ်ချင်းတွေကလည်း အရမ်းဝမ်းနည်းခဲ့ကြတာဖြစ်ပါတယ်။Nicole GeeကိုRoseville မြို့ရဲ့ သူရဲကောင်းတစ်ဦးလို့လည်း အသိအမှတ်ပြုခဲ့ကြပါတယ်။

Photo Credit:From Twitter
Photo Credit:From Twitter
Photo Credit:From Twitter
Photo Credit:From Twitter

အန္တရာယ်တွေကြားထဲမှာ အတူတူစွန့်စားလာတဲ့ ရဲဘော်ရဲဘက်တစ်ဦးဖြစ်လို့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကလည်း သူမကိုဘယ်တော့မှမမေ့ကြမှာပဲဖြစ်ပါတယ်။Nicole Gee အလုပ်လုပ်ခဲ့တဲ့ မြောက်ကယ်ရိုလိုင်းနားရှိ Camp Lejeune က ကားပါကင်မှာ သူမရပ်ထားခဲ့တဲ့ ကားကို အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေက တစ်ဦးချင်းအလေးပြုနေကြတာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ အသက်စွန့်သွားခဲ့ရတဲ့သူမကို လုပ်ဖော်ကိုင်ဖက်တွေက အလေးပြုနေကြတဲ့ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:From Twitter
Photo Credit:From Twitter
Photo Credit:From Twitter
Photo Credit:From Twitter

Source&Video Credit:From Twitter

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T