သေနတ်တွေကိုင်ဆောင်ပြီး TV အစီအစဥ်တင်ဆက်သူရဲ့ဘေးပတ်ပတ်လည်မှာ နေရာအပြည့်ယူခဲ့ကြတဲ့ တာလီဘန်လက်နက်ကိုင်တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/df/dffaf177bdc98fe3c93dfa950ddb0611e6925fcf.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သေနတ်တွေကိုင်ဆောင်ပြီး TV အစီအစဥ်တင်ဆက်သူရဲ့ဘေးပတ်ပတ်လည်မှာ နေရာအပြည့်ယူခဲ့ကြတဲ့ တာလီဘန်လက်နက်ကိုင်တွေရဲ့ဗီဒီယိုဖိုင်

ယခုလက်ရှိမှာတော့ တာလီဘန်တွေက အာဖရန်နစ္စကန်နိုင်ငံကို အမေရိကန်တွေရဲ့လက်ကနေ သိမ်းယူနိုင်လိုက်ပြီ ဖြစ်ပါတယ် ။ တာလီဘန်တွေကြီးစိုးနေတဲ့ အာဖကန်နစ္စကန်နိုင်ငံမှာတော့ အချိန်တိုအတွင်း ပြောင်းလဲမှုတွေများစွာ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း လက်နက်တွေကိုင်ဆောင်ထားတဲ့ တာလီဘန်တွေက အာဖကန် သတင်းကြေညာသူရဲ့ဘေးပတ်ပတ်လည်မှာ ဝန်းရံပြီး TV မှာပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-TRT World
Photo Credit-TRT World

တာလီဘန် တိုက်ခိုက်ရေးသမားတွေက အစီအစဉ်တင်ဆက်သူရဲ့ဘေးမှာ နေရာအပြည့်ယူ‌ထားတဲ့ မြင်ကွင်းဗီဒီယိုဖိုင်ကလည်း Social Media ထက်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေကလည်း အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။ အစီအစဉ်တင်ဆက်သူ အမျိုးသားကတော့ လက်နက်ကိုင်တာလီဘန်တွေရဲ့ထုတ်ပြန်ချက်ကို Afhgan TV မှာ ဖတ်ကြားပြခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-TRT World
Photo Credit-TRT World
Photo Credit-TRT World
Photo Credit-TRT World

တာလီဘန်တွေရဲ့ထုတ်ပြန်ချက်မှာတော့ အာဖကန်ပြည်သူတွေအနေနဲ့ သူတို့ကို ကြောက်ရွံ့စရာမလိုကြောင်း ပြောကြားထားတာ ဖြစ်ပါတယ် ။ တာလီဘန်တွေက သူတို့ရဲ့ထုတ်ပြန်ချက်ကို ဖတ်ကြားပြနေတဲ့ အစီအစဉ်တင်ဆက်သူ အမျိုးသားကိုလည်း ဘေးကနေ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ် ။ လက်နက်တွေကိုင်ပြီး TV အစီအစဉ်မှာပါဝင်လာခဲ့တဲ့ တာလီဘန်တိုက်ခိုက်ရေးသမားတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-TRT World

Photo Credit-TRT World
Photo Credit-TRT World
Photo Credit-TRT World
Photo Credit-TRT World
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T