အလုပ်လုပ်ဖို့အတွက် စွန့်စားပြီးအောက်လမ်းကလာကြတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ မြန်မာလူငယ်များ

//s9.kh1.co/eb/eb2dba90a4de3c8431bddbc5b44f83558421bd6f.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

စီးပွားရေးကြပ်တည်းမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်တွေလည်းရှားပါးလာသလို လူငယ်အတော်များများလည်း အလုပ်လက်မဲ့ဘ၀ကို ရောက်နေကြတာဖြစ်ပါတယ်။ အခုလိုကြပ်တည်းလာတဲ့ အခြေအနေတွေကြောင့် စား၀တ်နေရေးအတွက် ရုန်းကန်နေကြရပြီး ခိုးဝှက်လုယက်မှုတွေအထိပါ ဖြစ်ပေါ်နေတာကို တွေ့မြင်ရပါတယ်။

Photo credit-Ye Min's Facebook acc
Photo credit-Ye Min's Facebook acc

အိမ်နီးချင်းနိုင်ငံတွေဘက်ကို ခိုး၀င်ကာ အလုပ်ကြမ်းလုပ်ကြဖို့အတွက် စွန့်စွန့်စားစားသွားနေကြတဲ့ လူငယ်လေးတွေလည်း များစွာရှိလာနေပြီး ဖမ်းဆီးခံရပါကလည်း ထောင်ကျနိုင်တဲ့အထိ အခက်အခဲတွေရှိနေတာဖြစ်ပါတယ် ။ အခုလို အခက်အခဲတွေများစွာရှိနေပေမယ့်လည်း မြန်မာလူငယ်လေးတွေဟာ နယ်စပ်ဒေသတွေကနေတစ်ဆင့် အောက်လမ်းကနေသွားကြကာ အလုပ်လုပ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

Photo credit-Ye Min's Facebook acc
Photo credit-Ye Min's Facebook acc
Photo credit-Ye Min's Facebook acc
Photo credit-Ye Min's Facebook acc

အခုအခါမှာဆိုရင်လည်း မြန်မာလူငယ်လေးတွေဟာ အောက်လမ်းကနေ ထိုင်းနိုင်ငံဘက်ကို၀င်ရောက်တာကြောင့် မဲဆောက်မြို့နယ်၊ဖဝေါကျေးရွာမှာ ထိုင်းနယ်ခြားစောင့်တပ်တွေကနေဖမ်းဆီးမိခဲ့ပြီး စုစုပေါင်း ကျား ၁၆ဦး၊ မ ၈ဦး ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ် ။ ထောင်ဒဏ်လည်း အနည်းဆုံးတစ်နှစ်ခန့်ကျရောက်နိုင်တယ်လို့ သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Ye Min's Facebook acc
Photo credit-Ye Min's Facebook acc

သတင်း အရင်းအမြစ်Ye Min's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T