ဂိမ်းအရမ်းဆော့သော အသက်(၁၈)အောက် ကလေးများအတွက် ပြင်းထန် တင်းကျပ်လွန်းတဲ့ စည်းမျဉ်းတစ်ခုချမှတ်လိုက်တဲ့ တရုတ်အာဏာပိုင်အစိုးရ

//s9.kh1.co/53/53f74be293ef7ae117de47c95b3e91179a6783be.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မကြာသေးခင် ရက်ပိုင်းလောက်က တရုတ်နိုင်ငံတွင် အသက်(၁၈) အောက် ကလေးငယ်တွေအတွက် စည်းကမ်းတစ်ခု ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အသက်(၁၈)နှစ်အောက် ကလေးများအား တစ်ပတ်ကိုအချိန်(၃) နာရီထက် ပိုပြီး ဂိမ်းကစားခြင်းမပြုရဘူးလို့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။   တရုတ်နိုင်ငံရှိ ကလေးတော်တော်များများ ဂိမ်းစွဲလန်းနေတဲ့ ပြသနာကို ဖြေရှင်းရန်အတွက် အခုလို စည်းကမ်းချက်အသစ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Photo Crd-Original Uploader&nbsp;<br>
Photo Crd-Original Uploader 
Photo Crd-Original Uploader&nbsp;<br>
Photo Crd-Original Uploader 

အသက် (၁၈) နှစ်အောက် ကလေးများအနေနဲ့ တစ်နေ့ကို တစ်နာရီသာ ဂိမ်းကစားခွင့်ရမှာဖြစ်ပြီး တစ်ပတ်ကိုသောကြာ၊စနေနဲ့ တနင်္ဂနွေ သုံးရက်တည်းသာ အွန်လိုင်းဂိမ်း ဆော့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့တားမြစ်ထုတ်ပြန်မှုကြောင့် ဂိမ်းကုမ္ပဏီအချို့ ဆုံးရှုံးနစ်နာမှုတွေ များစွာနဲ့ ကြုံတွေ့ရမှာဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားကြပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းသစ်ဟာ တရုတ်လူမျိုးအများစုအသုံးပြုနေတဲ့weibo လူမှုကွန်ယက်တွင် ဆွေးနွေးမှုအများဆုံးဖြစ်နေခဲ့ပါတယ်။

Photo Crd-Original Uploader&nbsp;
Photo Crd-Original Uploader 
Photo Crd-CNA News’s Facebook Page&nbsp;<br>
Photo Crd-CNA News’s Facebook Page 

၂၀၁၉ ခုနှစ်လောက်ကလည်း အသက်(၁၈) နှစ်အောက် ကလေးများရဲ့ ဗီဒီယိုဂိမ်းကစားတဲ့ အချိန်ကို တစ်နေ့ကိုအချိန်တစ်နာရီခွဲနဲ့ အားလပ်ရက်များတွင် သုံးနာရီသာ ကစားနိုင်ကြောင်း တရုတ်နိုင်ငံတွင် စည်းကမ်းချက် ထုတ်ပြန်ခဲ့ဖူးပါသေးတယ်။ အခုထုတ်တဲ့ စည်းမျဉ်းသစ်ကိုလည်း ကလေးတော်တော်များများက စိတ်ကျေနပ်မှု မရှိခဲ့ကြပါဘူး။ လူကြီးအချို့ကတော့ ဒီစည်းမျဉ်းသစ်အပေါ်ကို ထောက်ခံနေကြကြောင်းကိုလည်း သတင်းအချို့တွင် ဖော်ပြထားကြတာဖြစ်တဲ့အတွက် ပရိသတ်တွေ ဗဟုသုတအနေနဲ့ ဖတ်ရှုနိူင်စေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-CNA News’s Facebook Page and Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T