ပြည်တွေအတွက် ကိုယ်တိုင်လက်နက်စွဲကိုင်ပြီး GZ လူငယ်တွေနဲ့အတူ တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ကောလင်းမြို့က ပြည်သူ့ ကိုယ်စားလှယ်လောင်းတစ်ဦး

//s9.kh1.co/03/03c6629cb85a380c27dc5e46806f3f44c7ac0b60.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီမိုကရေစီအရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူ့ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်က လွတ်မြောက်နယ်မြေတွေမှာ GZလူငယ်တွေနဲ့အတူ တော်လှန်ရေးသမားတွေအဖြစ် လက်နက်စွဲကိုင်လာကြတာ တွေ့ရပါတယ်။ ပြည်သူတွေရွေးချယ်တင်မြှောက်ထားခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေပီပီ တိုင်းပြည်အတွက် လက်နက်ကိုင်ပြီး နိုင်တဲ့ဝန်ကို ထမ်းဆောင်လာတာကတော့ လေးစားစရာကောင်းပါတယ်။

PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung

လွတ်မြောက်နယ်မြေအတွင်း ပြည်သူတွေအတွက် လက်နက်စွဲကိုင်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်က ပြည်သူ့ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်အောင်တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ ဦးမျိုးဇော်အောင်ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီး တော်လှန်ရေးသမားတစ်ယောက်အဖြစ် ရှင်သန်နေခဲ့ပြီဖြစ်ပါတယ်။

PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung

ပြည်သူတွေရဲ့ ရည်မှန်းချက်တွေပြည့်ဝဖို့ ပြည်သူတွေရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်တာကြောင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီး ရဲရင့်ပြတ်သားခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ ဒီလိုရဲရင့်ပြတ်သားခဲ့တဲ့ ဦးမျိုးဇော်အောင်ကို ပြည်သူတွေကလည်း လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ် နိုင်ငံရေးသမားကနေ လက်နက်စွဲကိုင်ပြီး ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးသမားဖြစ်လာခဲ့တဲ့ ကောလင်းမြို့က ဦးမျိုးဇော်အောင်ရဲ့ ပုံရိပ်တချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung
PhotoCredit - Myo Zaw aung

သတင်း အရင်းအမြစ်Source - Myo Zaw aung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T