အယောက်သုံးဆယ်ကျော် သေဆုံးခဲ့တဲ့ ပီရူးက ကားမတော်တဆမှု

//s9.kh1.co/5c/5c5c175ffb41fdd3345358a4e9464f2791626067.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းလောက်က ပီရူးနိုင်ငံအတွင်းမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့တယ်လို့သိရပါတယ်။

၎င်းဘတ်စ်ကားဟာ အင်ဒီးစ်တောင်တန်းဒေသက အဓိကအဝေးပြေလမ်းပေါ်မှာ မောင်းနှင်လာစဉ် ဘေးက ချောက်ထဲကို ထိုးကျခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/2e/2e6fa7e0b700f691f4f62ec5f7262335268660ad.jpg

နေရာအတိအကျအနေနဲ့ကတော့ ၎င်းဘတ်စ်ကားဟာ မာတူကာနာမြို့နားက အလယ်ပိုင်း အဝေးပြေးလမ်းပေါ်မောင်းနှင်နေစဉ်အတွင်းမှာ ချောက်ထဲပြုတ်ကျခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မတော်မတမှုဖြစ်ခဲ့တဲ့ ဒီလမ်းဟာ လီမာမြို့တော်နဲ့ အင်ဒီးစ်တောင်တန်း အလယ်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက စင်္ကြံလမ်းဖြစ်တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/f4/f454889d8ab4d37016f878959c6ad2ef1f9ff9f6.jpg

၎င်းချောက်ထဲကျခဲ့တဲ့ ဘတ်စ်ကားပေါ်မှာတော့ ခရီးသည် ၆၃ ယောက်လောက် လိုက်ပါလာပြီး ဒီမတော်တဆဖြစ်စဉ်ကြောင့် 32 ဦးလောက်သေဆုံးခဲ့တယ်လို့သိရပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါ ပါရှိပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူတွေလည်း များစွာရှိခဲ့တယ်လို့သိရသလို ဒါဟာ ယခုရက်ပိုင်းအတွင်း ပီရူးမှာဖြစ်တဲ့ ဒုတိယမြောက် မတော်မဆမှုဖြစ်တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/cb/cb0f3dfec17d914fcc070665e2a51602cf0ca993.webp

သတင်း အရင်းအမြစ်AFP

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T