အိမ်ထဲဝင်ပြီးပစ္စည်းခိုးတဲ့အပြင် အသက်အန္တရာယ်ပါရန်ပြုတဲ့ လူသတ်သမားကို လုံးထွေးပုတ်သတ်ပြီး အနိုင်ယူခဲ့တဲ့ အာဂမိန်းကလေး

//s9.kh1.co/98/98775ed5ec139eab2a1a9a26a7f7591dd079e79e.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ထဲမှာ နေ့လည်ခင်းအချိန်ကြီးမှာ နေအိမ်တစ်အိမ်ကို သူခိုးဝင်ပြီး လူသတ်ဖို့ကြိုးစားမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်..။

သူခိုးက နေ့လည်ကြီး အိမ်ထဲဝင်ကာ လက်တော့ပ်၊ ဖုန်းနဲ့ ပိုက်ဆံတွေယူပြီး ပြန်အထွက်မှာ အိမ်ရှင်ကောင်မလေးနဲ့ တိုးတာကြောင့် လူသတ်ဖို့ပါ ကြံစည်ခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

သူခိုးလူသတ်သမားဟာ ကတ်ကြေးနဲ့ ခေါင်း၊ ရင်ဘတ်တွေကို ထိုးဖို့ ကြံရွယ်တဲ့အတွက် လူကိုဒုက္ခမပေးဘဲ လိုချင်တာပဲ ယူသွားဖို့ တောင်းပန်တာကိုတောင် မရဘဲ ကတ်ကြေးနဲ့ အတင်းထိုးတာကြောင့် လုံးထွေးခုခံခဲ့ရတယ်လို့ ကာယကံရှင်မိန်းကလေး ပြောပြလာပါတယ်..။

ခုခံကာကွယ်ရင်း အပြင်ပြေးထွက်ကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့ပြီး ဘေးအိမ်တွေက ကူဖမ်းပေးတာကြောင့် ခြုံထဲမှာပုန်းနေတဲ့ သူခိုးကို ဖမ်းဆီးရမိသွားခဲ့တယ်လို့ သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

သူခိုးကိုဖမ်းမိပြီးမကြာခင်မှာတော့ မိန်းမနဲ့အမေရောက်ရှိလာပြီး တောင်းပန်ကြပေမယ့် ရပ်ကွက်က လက်မခံနိုင်ဘဲ ရဲလက်အပ်လိုက်တာကြောင့် ဖမ်းဆီးခံထားရပါတယ်..။

လူသတ်သမားကို လုံးထွေးခုခံရင်း အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး စိတ်မလုံခြုံမှုတွေနဲ့ စိတ်ဒဏ်ရာတွေ ရရှိခဲ့တဲ့ မိန်းကလေးအတွက် ပတ်ဝန်းကျင်ကစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T