ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထူးခြားတဲ့ အစီအစဉ်တစ်ခုမှာ အသက် (၁၆) နှစ် အရွယ် Gamer ဖြစ်တဲ့ Ruslan Schedrin အပြာမင်းသမီးတစ်ယောက်နဲ့ ညအိပ်ခွင့်ကို ကံထူးခဲ့ပါတယ်။ ဂိမ်းပစ္စည်းများရောင်းချတဲ့ အွန်လိုင်း Website တစ်ခုကို ဝင်ရောက် ကြည့်ရှုမိရာကနေ သူဟာ ကြည့်ရှုသူတစ်သိန်း ပြည့်တဲ့သူဖြစ်တာကြောင့် အခုလိုကံထူးခဲ့တာလည်း ဖြစ်ပါတယ်။ လူတွေကတော့ သူ့ကို ၁၆နှစ်နဲ့ ကံအကောင်းဆုံးသူလို့ ပြောနေကြပါတယ်။
ဒီကိစ္စ နဲ့ ပတ်သက်ပြီး အမေဖြစ်သူကတော့ အရမ်းဒေါသတွေထွက်နေခဲ့ပါတယ်။ Ruslan Schedrin ဟာ ယခင်ကတည်းက ဂိမ်းတွေနဲ့သာသူရဲ့ အချိန်တွေကို ကုန်လွန်စေခဲ့ရာက အခုလို ဆုကို ရရှိခဲ့တဲ့ အတွက် မိသားစုတွေက ဆယ်ကျော်သက် Ruslan Schedrin အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ခံစားရမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဆုအနေနဲ့ Ruslan Schedrin ဟာနာမည်ကြီး အပြာမင်းသမီး Ekaterina Makarova နဲ့ တစ်လအတူနေထိုင်ခွင့်ရရှိတာဖြစ်ပါတယ်။
ကောင်လေးအနေနဲ့ကတော့ ခုလို ဆုကြီးရလို့ပျော်ရွှင်နေပေမယ့် အမေဖြစ်သူ Vera Schedrina ကတော့ " ကျွန်မကတော့ ဒါကိုလုံး၀ကန့်ကွက်ပါတယ် Porn မင်းသမီးနဲ့ တစ်လမပြောနဲ့ တစ်ပတ်နေခွင့်ဆိုတာတောင် များနေပါပြီ၊ အဲ့ဆုအစား £931 သာပေးမယ်ဆို ပျော်မိမှာပါ " ဆိုပြီး ပြောခဲ့ပါတယ်။ အသက် ၁၇နှစ်သာရှိသေးတဲ့ အစ်မဖြစ်သူ Diana Schedrina ကလည်း " ကျွန်မလည်း ဒါကို ကန့်ကွက်ပါတယ်၊ ဒါဟာသူ့အတွက်အခွင့်အရေးတစ်ခုလို့မထင်ပါဘူး။ သူသာရည်စားရှိချင်ရင် ရှာလို့ရနေတာပါပဲ " ဆိုပြိးပြောခဲ့ပါတယ်။ Porn မင်းသမီး Ekaterina Makarova ကတော့ " ကောင်လေးရဲ့ ဆန္ဒအတိုင်းပါပဲ၊ ဒီလိုမျိုးမဖြစ်သင့်ပေမယ့် ဘ၀ကဘ၀ပါပဲ " လို့ ပြောခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်တုန်းကဖြစ်ခဲ့ပေမယ့် ကံကောင်းတဲ့ အသက်ငယ်ဆုံးသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တာမို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Mirror