အထက်တန်းကျောင်းတစ်ခုမှာ ထိတ်လန့်ဖွယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဒဏ်ရာတွေနဲ့ပဲ ဆုံးပါးသွားခဲ့ရတဲ့ ကျောင်းသားလေး

//s9.kh1.co/d2/d20e90ac14830267e073f26206b47b3c737bd00f.png
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ စက်တင်ဘာ (၁) ရက်နေ့တွင် အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ Mount Tabor အထက်တန်းကျောင်းမှာ ထိတ်လန့်ဖွယ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ ကျောင်းသားအချင်းချင်း ဖြစ်ပွားတယ်လို့ယူဆပြီး လက်ရှိမှာတော့ သံသယရှိသူကို ထိန်းသိမ်းထားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ ရဲအရာရှိများနှင့် လက်ထောက်များဟာ နေ့လည် (၁၂) နာရီ (၇) မိနစ်မှာ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Winston-Salem ရဲဌာနအကြီးအကဲ Catrina Thompson က သတင်းစာ ရှင်းလင်းပွဲမှာ ဖြစ်စဉ်ကိုပြောပြခဲ့ပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

တာဝန်ရှိသူတွေကျောင်းကိုရောက်သွားတဲ့အချိန်မှာ ဒဏ်ရာရထားတဲ့ကျောင်းသားဟာ လဲကျနေခဲ့ပြီး အရေးပေါ်ကုသမှုတွေလုပ်ပေးကာ Wake Forest University Baptist Medical Center သို့ ပို့ဆောင်ခဲ့ပေမယ့် အချိန်မမီဘဲသေဆုံးသွားခဲ့ကြောင်း မျက်ရည်တွေနဲ့ ပြောပြလာခဲ့ပါတယ်။ ရဲအရာရှိတွေ ကျောင်းကိုရောက်သွားချိန်မှာတော့ ကျောင်းသားတွေ အားလုံးကို သူတို့ရဲ့ဆဲလ်ဖုန်းတွေကိုသာယူခွင့်ပြုပြီး လွယ်အိတ်တွေကိုထားခဲ့စေကာ အပြင်ကိုထွက်ခွာခွင့် ပြုခဲ့တယ်လို့ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းကို ခဏတာ lockdown ချထားခဲ့ပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ ယခုအပတ်အတွင်းမှာ ဒုတိယမြောက် ဖြစ်ပြီး သြဂုတ်လ (၃၀) ရက်နေ့မှာလည်း New Hanover အထက်တန်းကျောင်းက ကျောင်းသားတစ်ဦးဟာ သေနတ်ဒဏ်ရာနဲ့ပဲဆုံးပါးခဲ့ပါသေးတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

အာဏာပိုင်များဟာသံသယရှိသူ၊ ဖြစ်နိုင်ချေရှိသည့်အကြောင်းအရင်းနဲ့ ဖြစ်စဉ်အသေးစိတ်တွေကိုတော့ မီဒီယာတွေကို အတိအကျမပြောပြခဲ့ပါဘူး။ အခင်းဖြစ်ပွားခဲ့တဲ့ Mount Tabor အထက်တန်းကျောင်းဟာ (၂၀၁၉-၂၀) ပညာသင်နှစ်တွင် ကျောင်းသား (၁၄၀၀) ကျော်ရှိခဲ့သည်ဟု အမေရိကန်ပညာရေးဌာန စာရင်းအင်းစင်တာမှ နောက်ဆုံးရရှိသော အချက်အလက်များအရသိရပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

သတင်း အရင်းအမြစ်CNN's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T