ခိုင်နှင်းဝေရဲ့အလျှံပယ်လှူဒါန်းမှုကြောင့် (၂)ရက်စာလောက် ဟင်းစားမပူရဘဲ မိသားစုတွေ ဝဝလင်လင်စားနေရတာကို ဓာတ်ပုံရိုက်ပြီးပို့လာတဲ့ ပြည်သူများ

//s9.kh1.co/53/53ff308bad1175935a79069c716bc3eedae4bdd4.jpeg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ခိုင်နှင်းဝေရဲ့အလျှံပယ်လှူဒါန်းမှုကြောင့် (၂)ရက်စာလောက် ဟင်းစားမပူရဘဲ မိသားစုတွေ ဝဝလင်လင်စားနေရတာကို ဓာတ်ပုံရိုက်ပြီးပို့လာတဲ့ ပြည်သူများ

ယခုအချိန်မှာ အခြေခံပြည်သူတွေအတွက် စီးပွါးရေး၊အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေတာကြောင့် သူတို့ရဲ့စားဝတ်နေရေးအတွက် ရုန်းကန်နေရတာပဲဖြစ်ပါတယ်။စေတနာရှင်ပြည်သူလူထုကတော့ ကျူးကျော်မှာနေကြသူတွေ၊မိသားစုအဆင်မပြေသူတွေအတွက် ဆန်၊ဆီ၊ကြက်သွန်၊ကြက်ဥတွေကို ဝေပေးကြတာဖြစ်ပါတယ်။မင်းသမီးခိုင်နှင်းဝေကလည်း မနေ့ကဆိုရင် လိုအပ်သူတွေအတွက် သားငါး၊ဟင်းသီးဟင်းရွက်၊ဆန်၊ငါးပိတို့ကိုလှူဒါန်းပေးတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

အဲ့ဒီလိုလှူဒါန်းပေးတဲ့အချိန်မှာ ကိုဗစ်စည်းကမ်းများနဲ့အညီ ပြည်သူတွေကို စနစ်တကျဝေငှပေးခဲ့တာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ အလှူကြောင့် တချို့မိသားစုတွေလည်း မိမိတို့အိမ်အတွက် ဟင်းချက်စရာမပူရတော့တာဖြစ်ပါတယ်။အခြေခံပြည်သူတွေလည်း ဒီလိုခက်ခဲနေတဲ့ကာလမှာ စေတနာရှင်တွေရဲ့ကျေးဇူးကြောင့် စားဝတ်နေရေးအတွက်အဆင်ပြေနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေက ဒီလိုမျိုးစားသောက်ကုန်တွေကို ပြည်သူတွေအတွက် မကြာခဏလှူဒါန်းလေ့ရှိပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ခိုင်နှင်းဝေက မိသားစုတစ်စုအတွက် (၂)ရက်စာမျှ လောက်လောက်ငှငှစားရအောင် အလျှံပယ်လှူဒါန်းပေးလိုက်တာဖြစ်ပါတယ်။ဒါ့ကြောင့် တချို့ပြည်သူတွေက မင်းသမီးရဲ့ကုသိုလ်ကြောင့် ဟင်းစားမပူရဘဲ မိသားစုတွေပျော်ပျော်ရွှင်ရွှင်စားနေရကြောင်းကို ဓာတ်ပုံလေးရိုက်ပြီးပို့လာကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ ပုံတွေကြည့်ပြီးပီတိဖြစ်မိလို့ နောက်လည်းလှူဒါန်းသွားမယ့်အကြောင်းကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T