မျက်နှာကို အက်စစ်ဖြင့် အပက်ခံခဲ့ရပေမယ့်လည်း ဘ၀ကိုအရှုံးမပေးပဲ ဖြတ်သန်းခဲ့ကာ အချစ်စစ်နဲ့ တွေ့ရှိခဲ့သူ

//s9.kh1.co/ab/ab4ebb04f02c7043a56513e6ec6b4f939fccf311.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါ‌ေဖာ်ပြပေးချင်တာကတော့ အိန္ဒိယနိုင်ငံက မိန်းကလေးတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ကလေးတစ်ခုပါပဲ။ သူမရဲ့ နာမည်ကတော့ Rani ဖြစ်ပြီး ယခုအခါမှာတော့ အသက် ၂၈ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ Rani ဟာ အသက် ၁၇ နှစ်တုန်းက စစ်သားတစ်ဦးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ တိုက်ခိုက်ခဲ့တဲ့ ယောကျာ်းရဲ့ အသက်ဟာ အဲ့တုန်းက ၂၈နှစ်ဖြစ်ပြီး Rani အပေါ်ကို တဖက်သတ်ချစ်နေတာလည်း ဖြစ်ပါတယ်။ ဒီအမျိုးသားဟာ Rani ဆိက လက်ထပ်ဖို့ ငြင်းပယ်ခံလိုက်ရတာကြောင့် Rani ကို စိတ်နာပြီးလက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=369,h=497,q=100/99/99adce6a51d2b83f715ba5885b6288812c29096b.jpg
https://s9.kh1.co/__image/w=650,h=435,q=100/fd/fde295fc19ec00a41ca6de78a3c37de98478fa65.jpg

တစ်နေ့မှာတော့ Rani ဟာ စာမေးပွဲဖြေပြီး ပြန်လာတဲ့အချိန်မှာ အဲ့ဒီအမျိုးသားက သူ့သူငယ်ချင်းနဲ့ အတူ ဆိုင်ကယ်စီးလာပြီး Rani ကို အက်ဆစ်ဖြင့် ပက်ခဲ့ပါတယ်။ အက်ဆစ်နဲ့ ပက်ခဲ့တဲ့ အတွက်ကြောင့် သူမရဲ့ ခြေထောက်နဲ့ မျက်နှာတစ်ခုလုံး လောင်ကျွမ်းသွားခဲ့ရပါတယ်။ ပိုပြီးဆိုးသွားတာက အက်ဆစ်နဲ့ အပက်ခံလိုက်ရတာ ကြောင့် သူမရဲ့ မျက်စိနှစ်ခုလုံး အလင်းကွယ်ခဲ့ရပါတယ်။ သူမကို အချိန်မီဆေးရုံ ပို့ပေးခဲ့ကြပေမယ့်လည်း တိုက်ခိုက်တဲ့ အက်စစ်က အရမ်းပြင်းထန်လွန်းတာကြောင့် သူမရဲ့ မျက်နှာကို အကောင်းအတိုင်း ပြန်ဖြစ်နိုင်ဖို့ မကုသပေးနိုင်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/46/46986773bed03fc5ebfbe9dd237fd2f8bb893307.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7f/7f8bfe2214e7f14ee8170724ddfcb7ef253c5a8f.jpeg
https://s9.kh1.co/__image/w=650,h=430,q=100/2f/2fe0ee4898c508669adc29c6637d468c3adcf896.jpg

သူမကို အက်စစ်နဲ့ ပက်ခဲ့တဲ့ အမျိုးသားကိုတော့ အချိန်မှီဖမ်းဆိးနိုင်ခဲ့ပြီး ရဲစခန်းကို ပို့နိုင်ခဲ့ပါတယ်။ Rani ဟာ သူမရဲ့ ပျက်စီးသွားတာကို စိတ်ဓာတ်မကျပဲ ဘဝကို ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ပါတယ်။ ကံတရားက မျက်နှာသာပေးခဲ့မှုကြောင့် သူမကို တကယ်ချစ်ပြီး ဂရုစိုက်ပေးမယ့် အမျိုးသားကို တွေ့ရှိခဲ့ပါတယ်။ သူမဟာ အဲ့နောက်မှာ သူနဲ့ လက်ထပ်ခဲ့ကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီပဲ ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဓာတ်ပုံကိုထုတ်ပြခဲ့ပြီး ယခုလက်ရှိမျက်နှာနဲ့ အလွန်အမင်းကွာခြားနေတာကို တွေ့ရှိရမှာပါ။ သူမထုတ်ပြရတဲ့ အကြောင်းကတော့ သူမဘဝကို အရှုံးမပေးပဲ ကြံ့ကြံ့ခိုင် ဖြတ်သန်းနေထိုင်ခဲ့တယ်ဆိုတာ လူတိုင်းကို ပညာပေးချင်တဲ့ အတွက် ထုတ်ဖော်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=403,q=100/39/399cfeaf9330cb82b315a7d482efd9c861fedaf9.jpg
https://s9.kh1.co/__image/w=650,h=426,q=100/27/27dfe734f02968e20c886b351cdd446646e2f37e.jpg
https://s9.kh1.co/__image/w=650,h=341,q=100/6c/6c86154cbd89c37fbe32cfb2ef27085e7901e2d9.jpg
https://s9.kh1.co/__image/w=600,h=400,q=100/c8/c8c3296585f3d248dd36adf1ef5b44d894d0c45d.jpg
https://s9.kh1.co/__image/w=600,h=399,q=100/b6/b66d49eb6a69777d874242033a4bb5fb75c669c8.jpg

သတင်း အရင်းအမြစ်edexlive

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T