အိန္ဒိယနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်မှာ ကလေး အယောက် (၅၀)ထက်မနည်းရောဂါတစ်မျိုးနဲ့ တစ်ပတ်အတွင်းသေဆုံးနေတဲ့အခြေအနေ

//s9.kh1.co/2e/2e7342c3b4b4577d582432575e83d81c0d6631d7.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အိန္ဒိယနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်မှာ ကလေး အယောက် (၅၀)ထက်မနည်းရောဂါတစ်မျိုးနဲ့ တစ်ပတ်အတွင်းသေဆုံးနေတဲ့အခြေအနေ

မြန်မာပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်ရောဂါကို အလူးအလဲခံစားနေရတာဖြစ်ပါတယ်။အခုလတ်တလောမှာဆိုရင် အိန္ဒိယမြောက်ပိုင်း Uttar Pradeshပြည်နယ်ရှိ တချို့နေရာတွင် ကလေး အယောက် (၅၀)ထက်မနည်းသေဆုံးနေတာဖြစ်ပါတယ်။ကလေးငယ်တွေက အိပ်နေရာကနေနိုးလာတဲ့အချိန်မှာအဖျားကြီးပြီးချွေးများစီးကျလာကြတာဖြစ်ပါတယ်။သူတို့ရဲ့ရောဂါလက္ခဏာက ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ပျို့အန်ခြင်းများအပြင် အဆစ်များနာပြီးခေါင်းကိုက်ကြတယ်လို့လည်း ကလေးတွေက ညည်းညူကြပါတယ်။

Photo Credit:From Google
Photo Credit:From Google
Photo Credit:From Google
Photo Credit:From Google

ဒါ့အပြင် ကလေးတွေရဲ့ ခြေထောက်နဲ့လက်တွေမှာ အဖုများပေါက်နေသေးတာဖြစ်ပါတယ်။ဒါ့ကြောင့် ရာချီနေတဲ့ကလေးတွေက Uttar Pradeshပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ဆေးရုံတွေမှာ ကုသမှုခံယူနေရတာဖြစ်ပြီး သေဆုံးသူများကို ကိုဗစ်ပိုးစစ်ကြည့်ပေမယ့် ပိုးမတွေ့တာဖြစ်ပါတယ်။အိန္ဒိယမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်းအခြေအနေ တဖြည်းဖြည်းကောင်းမွန်လာသော်လည်း အခုထပ်မံပြီး အိန္ဒိယရဲ့လူဦးရေထူထပ်သောပြည်နယ်မှာအဖျားကြီးသေဆုံးမှုများပြားနေတာပဲဖြစ်ပါတယ်။

Photo Credit:From Google
Photo Credit:From Google

ဆရာဝန်တချို့ကတော့ ခြင်မှကူးစက်တဲ့သွေးလွန်တုပ်ကွေးက သေဆုံးမှုရဲ့အဓိကအကြောင်းအရင်းဖြစ်တယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်။ကလေးတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအကြိမ်ထပ်မံဖြစ်ပွါးခဲ့လျှင်သေဆုံးနိုင်ခြေ(၅)ဆ ပိုများတယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်အတွင်းမှာရှိတဲ့ ကလေးငယ်တွေကတော့ တစ်ပတ်အတွင်းမှာ ဆင်တူရောဂါတစ်မျိုးနဲ့ အသက်ဆုံးရှုံးနေရတဲ့ သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:From Google
Photo Credit:From Google
Photo Credit:From Google
Photo Credit:From Google

Source&Photo Credit:From Google

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T