နှစ်ပေါင်း (၈၀)နီးပါးအတွင်း သီရိလင်္ကာနိုင်ငံမှာ ပထမဆုံးအကြိမ် ထူးထူးခြားခြား အမြွှာပူးမွေးဖွားလာခဲ့တဲ့ ဆင်တစ်ကောင်

//s9.kh1.co/58/588c965cf2ca9d3d137485b4eb2c812d34de0d83.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့ နိုင်ငံတွေမှာ ဆင်ကို ရတနာတစ်ပါးအဖြစ် သတ်မှတ်ထားကြပါတယ်။ ဆင်တွေဟာ ကုန်းမြင့်နေရာတွေ ကျက်စားကြတဲ့ နို့တိုက်သတ္တဝါတွေထဲမှာ အကြီးမားဆုံး သတ္တဝါတစ်မျိုးပဲဖြစ်ပါတယ်။ ဆင်တွေပေါက်ဖွားရင်လည်း အများသောအားဖြင့် လူသားတွေနည်းတူ တစ်ကောင်တည်းမျှသာ ပေါက်ဖွားကြတာဖြစ်ပြီး အမြွှာပူးပေါက်ဖွားတဲ့ ဖြစ်ရပ်တွေကတော့ မရှိသလောက်ပါပဲ ။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

ယခုမှာလည်း သီရိလင်္ကာနိုင်ငံရဲ့ ဆင်ထိန်းသိမ်းရေး စခန်းတစ်ခုမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အဆိုပါ စခန်းမှာရှိတဲ့ ဆင်မကြီးတစ်ကောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဆင်အမြွှာပူး (၂)ကောင်မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆင်အမြွှာပူးမွေးဖွားခြင်းဟာ သီရိလင်္ကာနိုင်ငံရဲ့ နှစ်ပေါင်း (၈၀) နီးပါးအတွင်း ပထမဆုံးဦးဆုံးအကြိမ် ပြန်လည်မွေးဖွားလာခဲ့တဲ့ ဆင်တစ်ကောင်ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

ဆင်အမြွှာပူးလေးတွေဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ပြည်သူတွေကတော့ ယခုလိုမွေးဖွားခြင်းဟာ ကောင်းခြင်းမင်္ဂလာတစ်ပါးလို့ ပြောစမှတ်ပြုခဲ့ကြတာ တွေ့ရပါတယ်။ ဒီလို အမြွှာပူးမွေးဖွားတဲ့ ဆင်တွေဟာ အကောင်(၁၀၀၀)မှာ တစ်ကောင်တောင် တွေ့ကြုံရခဲတာကြောင့် ဒီဗီဒီယိုလေးကို ဗဟုသုတအနေနဲ့ ပရိသတ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T