ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်ပြည်သူတွေကို သွားလှူရင်း မထင်ထားစရာလုပ်ရပ်ကြောင့် မျက်ရည်ကျမတက် ဝမ်းသာခဲ့ရတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့

//s9.kh1.co/4d/4d2786b676551b4abb8d12b23fab980a15f7218b.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်ပြည်သူတွေကို သွားလှူရင်း မထင်ထားစရာလုပ်ရပ်ကြောင့် မျက်ရည်ကျမတက် ဝမ်းသာခဲ့ရတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေသလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာ ကြောင့်လည်း ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေခဲ့ရပါတယ်။ မိုးတွင်းကာလကို ရောက်ရှိနေပြီး မိုးတွေဆက်တိုက်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာလည်း အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ မနေ့ကတော့ Karenni Free Burma Ranger  အဖွဲ့ဟာ စစ်ဘေးရှောင်စခန်းတစ်ခုကို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုလိုသွားရောက် လှူဒါန်းမှုတွေပြုလုပ်ရင်း စစ်ရှောင်ပြည်သူတွေရဲ့ လုပ်ရပ်လေးတစ်ခုကြောင့် မျက်ရည်ကျမတက် ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ လှူဒါန်းမှုတွေ ပြုလုပ်ဖို့ သွားရောက်ကြရင်း လမ်းထိပ်မှာ စစ်ဘေးရှောင်ကလေးငယ်တွေ၊ လူကြီးတွေ၊ အမျိုးသမီးတွေက ဝမ်းသာအားရနဲ့ ကြိုဆိုနေကြတာကို မြင်ပြီး မျက်ရည်ကျမတက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ Karenni Free Burma Ranger  အဖွဲ့က ဆန်၊ဆီ၊ဆားတွေ ပြတ်လပ်နေပြီး ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုဆီ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အခြေခံစားသောက်ကုန်တွေကို သယ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကိုကျော်ဖြတ်ကာ ပင်ပင်ပန်းပန်းနဲ့ သွားရောက်လှူဒါန်းခဲ့ပေမယ့် ယခုလိုကြိုဆိုခံရတာကြောင့် ပင်ပန်းမှုတွေ ​ပြေပျောက်ပြီး ပျော်ရွှင်နေကြပါတယ်။ ခက်ခက်ခဲခဲနဲ့ စစ်ဘေးရှောင်တွေဆီ သွားရောက်လှူဒါန်းပေးတဲ့ Karenni Free Burma Ranger အဖွဲ့ကို ပြည်သူတွေက ကျေးဇူးတင်စကားတွေ ပြောဆိုနေကြပါတယ်။ ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ Karenni Free Burma Ranger အဖွဲ့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T