စိတ်ဓာတ်ကျအားငယ်နေကြတဲ့ ပြည်သူပရိသတ်တွေအတွက် စိတ်ခွန်အားတိုးစေနိုင်တဲ့ အကြောင်းအရာလေးကို ဝေမျှလာတဲ့ဖိုးချစ်

//s9.kh1.co/9b/9bcfd54661fb54505c59e6be62694e19648d99bd.jpg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်သဘင်လောကမှာ မသိသူမရှိလောက်အောင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ ဖိုးချစ်ကတော့ ပြည်သူပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ် ။ ဖိုးချစ်က လူထုလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင်ပါဝင်သလို လူမှုကွန်ယက်စာမျက်နှာကနေလည်း ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေကို ပြောကြားပေးနေတာလည်း တွေ့ရပါတယ်။

Photo credit-​ Phoe Chit's Facebook acc
Photo credit-​ Phoe Chit's Facebook acc
Photo credit-​ Phoe Chit's Facebook acc
Photo credit-​ Phoe Chit's Facebook acc

ဒါ့ပြင်ဖိုးချစ်က မြန်မာနိုင်ငံဇာတ်သဘင်အစည်းအရုံး(ဗဟို)ရဲ့ ဥက္ကဋ္ဌနေရာကနေ နှုတ်ထွက်ထားတာလည်းဖြစ်ပြီး အခက်အခဲဖြစ်နေကြတဲ့ အခုလိုကာလကြီးမှာ တတ်နိုင်သရွေ့ကူညီမှုတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ် ။ ဖိုးချစ်ဟာ အခုအခါမှာဆိုရင်လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေ စိတ်ဓာတ်ကျ အားငယ်နေကြတဲ့ ပြည်သူတွေအတွက် စိတ်ခွန်အားတိုးစေတဲ့ နည်းလမ်းလေးကို မျှဝေထားပါတယ် ။

Photo credit-​ Phoe Chit's Facebook acc
Photo credit-​ Phoe Chit's Facebook acc

လူတွေဟာ မျှော်လင့်ချက်တွေကြောင့် ခွန်အားဖြစ်စေတယ် ယုံကြည်မှုမြင့်မားစေတယ် အားအင်တိုးစေပါတယ် ။ သို့ပေမယ့် တစ်ခါတစ်ရံမှာ မျှော်လင့်ချက်တွေကြောင့်ပဲ စိတ်ခွန်အားယုတ်လျော့တတ်တာကြောင့် အားအင်တိုးစေတဲ့ မျှော်လင့်ချက်၊ ယုံကြည်မှုတိုးစေတဲ့ မျှော်လင့်ချက်ပဲထားကြဖို့ ဖိုးချစ်ဟာ တိုက်တွန်းထားတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Phoe Chit's Facebook acc
Photo credit-​ Phoe Chit's Facebook acc

သတင်း အရင်းအမြစ်Phoe Chit's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T