ဖခင်ဖြစ်သူမှ မွေးနေ့ဆုတောင်းပေးသူများကို ကျေးဇူးတင်စကား ပြောခိုင်းနေတဲ့အတွက် ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ထူးအယ်လင်းသားလေးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/50/50763b461d78a8e8e640a7e8aff5cce543baca4b.jpeg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ထူးအယ်လင်းကတော့ ဒီကာလမှာ မြန်မာနိုင်ငံနေရာအနှံ့အပြားကို သွားရောက်ပြီး လိုအပ်နေတဲ့ ပြည်သူတွေကို သွားရောက်ကူညီပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားရောက်ပြီး စစ်ဘေးရှောင်စခန်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ မနေ့ကမှ ရန်ကုန်ကို ပြန်ရောက်ခဲ့ပြီး လမ်းမှာကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို live လွှင့်ရင်း ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 

ခရီးသွားနေရင်း အမြန်လမ်းတစ်နေရာမှာ အက်ဆီးဒင့်တစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကံကောင်းထောက်မစွာဖြင့်အသက်ဘေးမှ ကင်းလွတ်ခဲ့ကြောင်းနဲ့ လမ်းတစ်လျှောက်မှာလည်း မိတ်ဆွေကောင်းများရဲ့ ကျေးဇူးကြောင့် ကိစ္စတိုင်း အဆင်ပြေသွားခဲ့ကြောင်းကိုလည်း ပြောထားပါတယ်။ မနေ့က သူ့သားအကြီးဆုံးရဲ့မွေးနေ့ဖြစ်တာကြောင့် ထူးအယ်လင်းရဲ့ live တွင် သားကို မွေးနေ့ဆုတောင်းပေးကြသူများလည်း ရှိခဲ့ပါတယ်။ ထူးအယ်လင်းမှ မွေးနေ့ဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောခိုင်းတဲ့အခါမှာ သားလေးမှ ရှက်နေတဲ့ ပုံစံလေးနဲ့ Thank you လို့ ပြောနေတာကိုလည်း အသည်းယားဖွယ် မြင်တွေ့ကြရမှာပါ။

Photo Crd-Htoo El Lynn’s Facebook Account&nbsp;<br>
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account&nbsp;
Photo Crd-Htoo El Lynn’s Facebook Account 

စက်တင်ဘာ (၁) ရက်နေ့ဟာ သားအကြီးဆုံးရဲ့ မွေးနေ့ဖြစ်ပြီး အောက်တိုဘာ (၂၂) ရက်နေ့တွင်လည်း သမီးကြီးမွေးနေ့ဖြစ်ကြောင်း live ထဲတွင် မမေ့မလျော့ ပြောထားတာကို မြင်တွေ့လိုက်ရတဲ့အတွက် သားသမီးတွေကိုအလေးထားချစ်ခင်တတ်တဲ့ ဖခင်တစ်ဦးရဲ့ ကြီးမားတဲ့ မေတ္တာတရားတွေကို သိမြင်လိုက်ရပါတယ်။ ထူးအယ်လင်းတစ်ယောက် ပြည်သူတွေလိုအပ်တဲ့ အရာတိုင်း ကူညီထောက်ပံ့ပေးနိုင်သူတစ်ယောက်အဖြစ်နဲ့သာမက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ တစ်သက်လုံး အတူရှိနိုင်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Htoo El Lynn’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T