ဘုရားရှိခိုးအမျှဝေတိုင်း ပရလောကသားတွေလာပြီး နှုတ်ဆက်ကြောင်း ပြောပြလာတဲ့ ပရဟိတ အကျိုးတော်ဆောင်တစ်ဦး

//s9.kh1.co/21/21266343ef2d3bd0f9b0b7141fb4f5e7aecfe63a.png
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ကောင်းမှုတွေလုပ်နေတဲ့သူတွေဆိုရင် မမြင်အပ်တဲ့လောကသားတွေဟာ အမျှအတန်းလိုချင်တာကြောင့် လာရောက်အကူအညီတောင်းတာတွေရှိတတ်ကြပါတယ်။ ပရဟိတအလုပ်တွေကိုတွင်တွင်ကျယ်ကျယ် လုပ်နေပြီး အများအကျိုးဆောင်တဲ့ ကိုပူတူးဟာလည်း နေ့စဉ်ပြုခဲ့တဲ့ကုသိုလ်တွေအတွက် ဘုရားရှိခိုးပြီး အမျှဝေတိုင်း သူ့ရဲ့အာရုံထဲမှာ မှင်စာလိုကလေးလေးတွေ အတင်းလက်ပြပြီးနှုတ်ဆက်ကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit - Arr Puu Tuu's FB Acc
Photo Credit - Arr Puu Tuu's FB Acc

ကွယ်လွန်သွားတဲ့ဖခင်နဲ့ (၇) ရက်သားသမီးတွေကိုရည်စူးပြီးအမျှဝေတိုင်း အာရုံထဲမှာ အလောင်းလိုလို မှင်စာလိုလိုကလေးလေးတွေ အနားတိုးပြီး လက်ပြနှုတ်ဆက်တယ်လို့ ဆိုပါတယ်။ ဘုရားတရားလုပ်တဲ့ အချိန်မှာ ဒါမျိုးတွေကြုံတတ်တာမို့ တော်ရုံသမာဓိမခိုင်တဲ့ လူဆိုရင် အထိတ်တလန့်ဖြစ်ရမှာပါ။ ဒီလိုကိုယ်ထင်ပြတဲ့အခြေအနေဟာ သမာဓိကို စမ်းတာလည်းဖြစ်နိုင်သလို ကိုယ်ပေးဝေလိုက်တဲ့ ကုသိုလ်ကို သူတို့ရလို့ ကျေးဇူးတင်ကြောင်း လာပြီးအသိပေးတာလည်းဖြစ်နိုင်ပါတယ်။

Photo Credit - Arr Puu Tuu's FB Acc
Photo Credit - Arr Puu Tuu's FB Acc
Photo Credit - Arr Puu Tuu's FB Acc
Photo Credit - Arr Puu Tuu's FB Acc

ကုသိုလ်အလုပ်တွေနဲ့ရင်းနှီးသူမို့ မမြင်အပ်တဲ့လောကသားတွေကလည်း ကုသိုလ်လိုချင်တဲ့အခါ အခုလိုလာပြီးနှုတ်ဆက်တာမျိုးတွေလည်းရှိပါတယ်။ မြင်အပ် မမြင်အပ်အားလုံးကိုအမျှပေးဝေတဲ့အချိန် အနားမှာရှိနေတဲ့ မမြင်အပ်တဲ့လောကသားတွေလည်း ပေးဝေတဲ့ကုသိုလ်တွေရသွားမှာပါ။ ကောင်းမှုလုပ်နေတဲ့သူမို့ ကောင်းကျိုးတွေများများဖြစ်ပြီး လူတွေကိုလည်း ဒီထက်မကကူညီနိုင်ပါစေ။

Photo Credit - Arr Puu Tuu's FB Acc
Photo Credit - Arr Puu Tuu's FB Acc

သတင်း အရင်းအမြစ်Arr Puu Tuu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T