ဆိုးဝါးတဲ့ ယာဥ်တိမ်းမှောက်မှုကြီး ဖြစ်သွားခဲ့ပေမယ့် ကံကောင်းထောက်မစွာ လူသေဆုံးမှုမရှိခဲ့တဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်က ဖြစ်ရပ်

//s9.kh1.co/8c/8c587d3197966951cc640996f6a2b0dae1e97392.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော နိုင်ငံရေးရှုပ်ထွေးနေတဲ့ အချိန်ကာလတွေမှာ ယာဥ်မတော်ဆတွေဖြစ်ပွားမှုတွေကလည်း မကြာခဏဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ အထူးအဖြင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးမှာ ပိုမိုဖြစ်ပွားပြီး တစ်ခါတရံ လူသေဆုံးမှုတွေပါ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ယခုမှာလည်း အဆိုပါ အမြန်လမ်းမကြီးမှာ စတင်ဘာလ (၁)ရက် နေ့လည်ပိုင်းလောက်က ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - MFSD
Photo Credit - MFSD

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၀၃/၇)နှင့် (၂၀၄/၀)ကြားမှာ MINI BUS (အဖြူရောင်)ယာဉ်တစ်စီးဟာ ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘလောက်တုံးများအား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားတိမ်းမှောက်မှုကြောင့် လူသေဆုံးခဲ့တာတွေ မရှိခဲ့ပေးမယ့် ယာဥ်​ပေါ်ပါလာတဲ့ ယာဉ်မောင်းအပါအဝင် ကျား(၃)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၇)ဦးတို့ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - MFSD
Photo Credit - MFSD

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာများကို ကယ်ဆယ်ရေးအဖွဲ့တွေက နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ယာဥ်တိမ်းမှောက်မှုမှာ လူသေဆုံးတာမရှိခဲ့ပေမယ့် ကားကတော့ ရစရာမရှိအောင် ပျက်စီးသွားခဲ့တာ တွေ့ရပါတယ်။ ယခုလို ယာဥ်မတော်ဆ ဖြစ်စဥ်တွေဟာ မကြာခဏဖြစ်ပွားနေတာကြောင့် ပရိသတ်တွေလည်း သတိထားစေဖို့အတွက် ဒီဖြစ်စဥ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - MFSD
Photo Credit - MFSD

သတင်း အရင်းအမြစ်Source - MFSD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T