PDFတွေကိုကူညီတယ်ဆိုလို့ အကူအညီတောင်းကြည့်တဲ့အခါ မထင်ထားစရာဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရကြောင်းကို စိတ်မကောင်းစွာဖွင့်ဟလာတဲ့ လူငယ်လေး

//s9.kh1.co/ee/ee43f01d33aff599abbacac59ce9f1be54826064.jpeg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

PDFတွေကိုကူညီတယ်ဆိုလို့ အကူအညီတောင်းကြည့်တဲ့အခါ မထင်ထားစရာဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရကြောင်းကို စိတ်မကောင်းစွာဖွင့်ဟလာတဲ့ လူငယ်လေး

တစ်လပြီးတစ်လကြာမြင့်လာပြီဖြစ်တဲ့ လက်ရှိအခြေအနေမှာ တောထဲရောက်လူငယ်လေးတွေကတော့ ပင်ပန်းဆင်းရဲစွာနဲ့ အရာအားလုံးကို ဖြတ်ကျော်နေကြတာပဲဖြစ်ပါတယ်။PDFရဲဘော်တွေလည်း အိုးပစ်၊အိမ်ပစ်နဲ့ မိသားစုကိုခွဲခွါပြီး တောထဲရောက်နေကြတာ ပြည်သူတွေကိုကာကွယ်ဖို့အတွက်ပဲဖြစ်ပါတယ်။သူရဲကောင်းတွေကို ပံ့ပိုးကူညီပေးနိုင်ရန်အတွက် တချို့ပြည်သူတွေလည်း မိမိတို့ချွေးနည်းစာထဲကနေ တတပ်တအားပါဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ PDF ရဲဘော်တစ်ဦးက စိတ်မကောင်းစရာအဖြစ်နဲ့ကြုံခဲ့ရကြောင်းကို ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။သူကတော့ PDF တွေအတွက်ပံ့ပိုးပေးနေတယ်ဆိုတဲ့ ဆယ်လီတစ်ယောက်ဆီမှာ လိုအပ်တာတွေအတွက်အကူအညီတောင်းကြည့်တာ ဝေ့လည်ကြောင်ပတ်လုပ်ပြီး ဘလော့ခံလိုက်ရတာဖြစ်ပါတယ်။PDFလူငယ်တွေအတွက်ဆိုပြီး အလှူခံနေကြပေမယ့် သူတို့အတွက် အကူအညီမရတာကများနေတယ်လို့ ရင်ဖွင့်လာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တကယ်ခက်ခဲနေလို့အကူအညီတောင်းမိပြီး ဒီလိုအခြေအနေမျိုးနဲ့ကြုံခဲ့ရတဲ့ PDFလူငယ်လေးကတော့ ကိုယ်တိုင်ပဲရအောင်ကြိုးစားတော့မယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ရဲဘော်အများအပြားအတွက်ဖြစ်နေလို့သာအကူအညီတောင်းနေရတာဖြစ်ပြီး အဓိကတော်လှန်ရေးအောင်မြင်ဖို့အတွက်ပဲ သူတို့ခမျာကြိုးစားနေရတာဖြစ်ပါတယ်။ဒါ့ကြောင့် PDF တွေလည်း လှူဒါန်းသမျှကိုအကျိုးရှိအောင် အသုံးချနေကြပါတယ်ဆိုတဲ့အကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T