ဆင်းရဲဒုက္ခကြုံနေရပြီး လမ်းမလျှောက်နိုင်ကြတဲ့ အဘိုးအဘွားလင်မယားနှစ်ယောက်ရဲ့ ရင်နင့်စရာအဖြစ်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ ဆရာဝန်တစ်ဦး

//s9.kh1.co/d1/d139adc5e372f800e25bc0a550f61204e0cd258a.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဆင်းရဲဒုက္ခကြုံနေရပြီး လမ်းမလျှောက်နိုင်ကြတဲ့ အဘိုးအဘွားလင်မယားနှစ်ယောက်ရဲ့ ရင်နင့်စရာအဖြစ်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ ဆရာဝန်တစ်ဦး

စီးပွားရေးအဆင်မပြေမှုတွေ၊ကပ်ရောဂါတွေကြောင့် တောရွာက အခြေခံပြည်သူတွေဟာလည်း ကျန်းမာရေးမကောင်းဖြစ်ရင်တောင် ဘယ်သွားရမှန်းမသိဘဲ ရောဂါကို ကြိတ်ခံနေကြရတာ ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဟာလည်း မြို့နဲ့ ဝေးတဲ့အရပ်ဒေသမှာ အမှန်တကယ်ဒုက္ခရောက်နေတဲ့ သံယာတော်တွေ၊ပြည်သူတွေကို ဆေးဝါးလိုက်လံကုသပေးနေပါတယ် ။ ယခုမှာတော့ အဆိုပါဆရာဝန်ဟာ တောရွာအစွန်အဖျားမှာ ဒုက္ခဆင်းရဲကြုံနေရပြီး လမ်းမလျှောက်နိုင်ကြတဲ့ အဘိုးအဘွားတို့ဇနီးမောင်နှံနှစ်ယောက်ကို ကူညီပေးဖို့ ပြင်ဆင်နေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အသက်(၈၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့ အဘိုးအဘွားလင်မယားနှစ်ယောက်ဟာ သားသမီးမရှိကြဘဲ မိုးမလုံလေမလုံနဲ့ ကြမ်းပေါက်တွေ များစွာရှိတဲ့ အိမ်အိုလေးမှာ နေထိုင်နေရတာပဲ ဖြစ်ပါတယ်။အဘွားအိုကတော့ လမ်းမလျှောက်နိုင်ဘဲ တရွတ်ဆွဲပြီးသွားလာနေရသလို အဘိုးအိုဟာလည်း လေဖြတ်ပြီး စကားမ​ပြောနိုင်တော့လို့ အဘွားအိုကချက်ပြုတ်ကျွေးမွေးကာ ပြုစုနေရတာ ဖြစ်ပါတယ်။ အဆိုပါရင်နင့်စရာအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရပြီး မျက်ရည်ကျခဲ့ရတဲ့  အဆိုပါဆရာဝန်ကတော့ အဘိုးအဘွားလင်မယားနှစ်ယောက်ကို ကျန်းမာလာအောင် အတတ်နိုင်ဆုံး ဆေးကုသပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရွာထဲက ပေးကမ်းတာကို စားသောက်နေရပြီး ပေးကမ်းသူတွေခက်ခဲရင် အဘိုးအဘွားလင်မယားဟာလည်း ထမင်းနပ်မမှန်တဲ့ရက်တွေရှိ​နေတာ ဖြစ်ပါတယ်။ အဘိုးအဘွားလင်မယားကို ကျန်းမာအောင် ဆေးကုသပေးမယ့်အပြင် အိုဟောင်းနေတဲ့ အိမ်လေးအစား အိမ်အသစ်လေးကို ပြန်လည်ဆောက်လုပ်ပေးမှာဖြစ်ပြီး လစဥ်လည်းထောက်ပံ့ပေးဖို့ ကြိုးစားနေတဲ့ အကြောင်း အဆိုပါဆရာဝန်က ဖွင့်ဟလိုက်ပါတယ်။ အိုဟောင်းတဲ့ အိမ်အိုလေးမှာ နေထိုင်နေရပြီး ကျန်းမာရေးမကောင်းဖြစ်နေတဲ့ အဘိုးအဘွားလင်မယားနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T