ပညာရေးကိုစွန့်ခွာပြီး တောထဲတောင်ထဲမှာ တိုင်းပြည်အတွက်ပေးဆပ်ရင်း စစ်ရေးလေ့ကျင့်နေကြတဲ့ Gen Zလူငယ်လေးများရဲ့ပုံရိပ်

//s9.kh1.co/c0/c070325ae1d8af7800ffcb0897c9cdf6f2b80eac.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို လိုလားကြတဲ့ GZလူငယ်တွေကတော့ ယနေ့အချိန်ထိ အာဏာရှင်လူတစ်စုကို နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်လှုပ်ရှားနေကြတာဖြစ်ပါတယ်.....။ Gen Zလူငယ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ ခံယူပြီး လွတ်မြောက်ဒေသတွေမှာ စစ်ပညာကြိုးစားသင်ယူနေကြတာပါ ။ တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ အရာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ခက်ခဲကြမ်းတမ်းစွာနဲ့ ယုံကြည်ရာကို လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ပညာကို သင်ယူနေချိန်မှာလည်း PDF ရဲဘော်တွေဟာ လွတ်မြောက်နယ်မြေထဲမှာ အမိုးအကာမပြည့်စုံတဲ့ တဲအိမ်လေးတွေနဲ့ ဖြစ်သလို နေထိုင်ကြရပြီး ဆာလောင်မှုတွေကို ခဏတာဖြည့်နိုင်အောင် ခက်ခက်ခဲခဲ ရှာဖွေကာ ချက်ပြုတ်စားသောက်နေကြရတာကိုလည်း တွေ့ရပါတယ် ။

ဒီလို ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေထဲမှာ အဆင်မပြေမှုတွေနဲ့ ပင်ပန်းတာတွေရှိနေပေမယ့် PDF ရဲဘော်တွေကတော့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုအခါမှာဆိုရင်လည်း Haling Generation Z ဆိုတဲ့ Facebook pageကနေ လူငယ်တွေခက်ခက်ခဲခဲ စစ်ရေးလေ့ကျင့်သင်ယူနေကြတဲ့ ပုံတွေကိုတင်ပေးလာပါတယ် ။ ကြံ့ခိုင်သန်မာဖို့အတွက် လေ့ကျင့်ခန်းတွေကြိုးစားလုပ်နေကြပြီး ယုံကြည်ရာပန်းတိုင်တစ်ခုအတွက် အဆုံးထိလျှောက်လှမ်းနေကြတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Hlaing Generation Z's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T