တောင်ကြောပေါ်မှာ စစ်အင်အား (၁၀၀)ကျော်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး လက်စွမ်းပြတိုက်ခိုက်တဲ့ ဖယ်ခုံ PDF တွေရဲ့တိုက်ပွဲဗီဒီယိုဖိုင်

//s9.kh1.co/0a/0a87713d63e379c633e7e13f44d7146d5701973b.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တောင်ကြောပေါ်မှာ စစ်အင်အား (၁၀၀)ကျော်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး လက်စွမ်းပြတိုက်ခိုက်တဲ့ ဖယ်ခုံ PDF တွေရဲ့တိုက်ပွဲဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) ရက်နေ့မှာတော့ ဖယ်ခုံ PDF တွေနဲ့ အာဏာရှင်လက်ပါးစေတွေကြား တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်အင်အား (၁၀၀) ကျော်ကို ဖယ်ခုံ PDF တွေက ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ် ။ နေ့လည် (၂)နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာ ဖယ်ခုံ PDF တွေက လက်စွမ်းပြတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader 
Photo Credit-Original Uploader 

ခေါင်းအိကျေးရွာရဲ့အရှေ့ဘက် တစ်ဖာလုံခွဲခန့်ရှိတဲ့ တောင်ကြောပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ အပြန်အလှန် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြတဲ့ ဒီတိုက်ပွဲမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က (၂) ဦးကျဆုံးသွားပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ကြောင်း ဖယ်ခုံ PDF ဘက်က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဖယ်ခုံ PDF ဘက်ကတော့ ကျဆုံးသူမရှိခဲ့သလို ထိခိုက်ဒဏ်ရရှိသူလည်း မရှိခဲ့ပါဆိုပြီး ပြောထားပါတယ်။

Photo Credit-"PDF PeKhon" FB Page
Photo Credit-"PDF PeKhon" FB Page
Photo Credit-"PDF PeKhon" FB Page
Photo Credit-"PDF PeKhon" FB Page

တိုက်ပွဲပြီးဆုံးသွားပေမယ့်လည်း အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ တိုက်ပွဲအခြေအနေကိုတော့ ဖယ်ခုံ PDF တွေက အတိအလင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ် ။ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ လက်စွမ်းပြတိုက်ခိုက်ခဲ့တဲ့ ဖယ်ခုံ PDF တွေရဲ့ဗီဒီယိုဖိုင်ကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-"PDF PeKhon" FB Page

Photo Credit-"PDF PeKhon" FB Page
Photo Credit-"PDF PeKhon" FB Page
Photo Credit-"PDF PeKhon" FB Page
Photo Credit-"PDF PeKhon" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T