မိုးတွင်းဖြစ်လို့ လမ်းမကောင်းဘဲ ခြုံနွယ်တွေထူထပ်နေပေမယ့် စက်ရုံဆောက်မယ့်မြေကွက်ကို ကိုယ်တိုင်သွားရောက်ကာ ကြည့်ရှု့ခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/61/61271760a7a7531cffb19a78f024cddcf17da9ec.jpeg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မိုးတွင်းဖြစ်လို့ လမ်းမကောင်းဘဲ ခြုံနွယ်တွေထူထပ်နေပေမယ့် စက်ရုံဆောက်မယ့်မြေကွက်ကို ကိုယ်တိုင်သွားရောက်ကာ ကြည့်ရှု့ခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့စဉ်ရက်ဆက် ပံ့ပိုးကူညီပေးနေပြီး ဟင်းချက်စရာနဲ့ ဆန်၊ဆီတို့ကိုလည်း လှူဒါန်းနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ အလှူပုံရိပ်တွေကိုကြည့်ပြီး တချို့ပြည်သူတွေက သဒ္ဓါတရားထက်သန်လာကာ သူမဆီမှာ အလှူငွေထည့်ဝင်ကြပါတယ်။သူမရဲ့ သားသမီးလေးတွေကိုလည်း မေတ္တာအပြည့်ပေးပြီး ကျွေးမွေးစောင့်ရှောက်တာကြောင့် ကလေးတွေက ကျန်းကျန်းမာမာနဲ့ တဖြည်းဖြည်းကြီးပြင်းလာကြပြီဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 

ခိုင်နှင်းဝေက မကျန်းမာတဲ့တချို့ကလေးလေးတွေကိုလည်း တစ်နိုင်တစ်ပိုင်ကုသစရိတ်ထောက်ပံ့ပေးလေ့ရှိပြီးကိုယ်လက်အင်္ဂါမပြည့်စုံသူတွေကိုလည်း ခြေတု၊လက်တုတွေလှူဒါန်းပေးတာဖြစ်ပါတယ်။အခုလတ်တလောမှာတော့ သူမက ခြေတု၊လက်တုစက်ရုံ တည်ထောင်ရန်အတွက် စတင်အ​ကောင်အထည်ဖော်နေပြီပဲဖြစ်ပါတယ်။အလှူရှင်တစ်ဦးက ခိုင်နှင်းဝေဆီမှာ အသေးစားစက်ရုံဆောင်လုပ်နိုင်တဲ့ မြေကွက်တစ်ခုလှူဒါန်းထားတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 

ခိုင်နှင်းဝေက ခြေတု၊လက်တုစက်ရုံ တည်ဆောက်ပြီးနောက်မှာ လိုအပ်နေတဲ့မည်သူ့ကိုမဆို အခမဲ့တပ်ဆင်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။စက်ရုံအတွက် စက်များဝယ်ယူခြင်း၊ပညာရှင်များခေါ်ယူခြင်းကို အမြန်ဆုံးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။လက်ရှိမှာ လှူဒါန်းထားတဲ့ တောင်ဒဂုံ (၁၀၅)မြေကွက်က ခြုံနွယ်တွေရှိပြီး မိုးရာသီဖြစ်လို့လမ်းမကောင်းပေမယ့်လည်း သူမကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 
Photo Credit:Khine Hnin Wai’s Fb Acc 

Source&Photo Credit:Khine Hnin Wai’s Fb Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T