နောက်ဆုံးနှုတ်ဆက်ဗီဒီယိုတင်ပြီးနောက် ကဘူးလေဆိပ်မှာပဲ တာလီဘန်တွေရဲ့ သတ်ဖြတ်မှုကိုခံလိုက်ရတဲ့ အာဖဂန် Youtuber အမျိုးသမီး

//s9.kh1.co/72/72f67ba7314cf538203aed973ed243f1ce645b54.png
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ဂျူလိုင်လကတည်းက အာဖဂန်နိုင်ငံရဲ့မြို့တော် ကဘူးကို အကြမ်းဖက်တာလီဘန်တွေက သိမ်းပိုက်ပြီးနောက်မှာတော့ မြို့တော်မှာရှိတဲ့ပြည်သူတွေဟာ လေဆိပ်ကိုအပြေးအလွှားသွားပြီး ဘေးလွတ်ရာနိုင်ငံတွေကိုရှောင်တိမ်းမှုတွေလုပ်ခဲ့ကြပါတယ်။ များပြားလှတဲ့လူအုပ်ကြီးရဲ့ ထိတ်လန့်ကြောက်ရွံ့မှုကို ကမ္ဘာတစ်လွှားကလူတွေလည်း မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့မှာလည်း အာဂဖန်အမျိုးသမီး Youtuber တစ်ယောက်ဟာ ဒီအဖြစ်ဆိုးကြီးကို အိပ်မက်တစ်ခုလိုသာ ဖြစ်စေချင်ပြီး အားလုံးအိပ်မက်ကနိုးထသွားစေချင်တယ်ဆိုတဲ့အကြောင်း သူမရဲ့ Youtube Channel ကနေတဆင့်အားလုံးကို ရင်ဖွင့်ပြီးငိုကြွေးခဲ့ပါတယ်။

Photo Credit CNN's FB Acc
Photo Credit CNN's FB Acc

ယခင်ကတော့ သူမရဲ့ Youtube Channel မှာ သူမရဲ့ချက်ပြုတ်မှုတွေနဲ့ အဝတ်အစားတွေအကြောင်းပဲ တင်ခဲ့တာဖြစ်ပြီး ဒီလိုအကြောင်းအရာတွေကိုပြောတာဟာ သူမအတွက်ပထမဆုံးပါပဲ။ အပြင်ကို လမ်းမလျှောက်ရဲလောက်အောင် ကြောက်ရွံ့နေပြီး အားလုံးကိုလည်း သူမအတွက်ဘေးကင်းစေဖို့ ဆုတောင်းပေးလိုကြောင်းပြောခဲ့ပါတယ်။ ဒီဗီဒီယိုတင်ပြီး လေးရက်မြောက်နေ့မှာတော့ ကဘူးလေဆိပ်ရဲ့ အပြင်ဖက်မှာပဲ သူမဟာ သတ်ဖြတ်ခံခဲ့ရတာပါ။

Photo Credit CNN's FB Acc
Photo Credit CNN's FB Acc
Photo Credit CNN's FB Acc
Photo Credit CNN's FB Acc

သူမ မသေဆုံးမီတင်ထားခဲ့တဲ့ ရှစ်မိနစ်စာဗီဒီယိုလေးမှာ သူမရဲ့ကြောက်ရွံ့ထိတ်လန့်မှုဟာ အတိုင်းသားပေါ်လွင်နေခဲ့ပါတယ်။ မြို့ပျက်ကြီးလိုဖြစ်သွားပြီး လူသူအတော်လေးကင်းမဲ့သွားတဲ့ ကဘူးမြို့ကြီးကို တာလီဘန်တို့က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန်စစ်တပ်တွေဟာလည်း နှစ်ပေါင်း(၂၀) ကျော်ကြာမြင့်ခဲ့တဲ့ ဒီစစ်ပွဲကြီးကနေ ဆုတ်ခွာသွားခဲ့ပါတယ်။

Photo Credit CNN's FB Acc
Photo Credit CNN's FB Acc

သတင်း အရင်းအမြစ်CNN's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T