ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ယနေ့မှာပဲ ပျံလွန်တော်မူသွားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟိုပုံးကိုရင်လေး (ခေါ်) အရှင်ပေါရိဿ

//s9.kh1.co/9a/9a4fe40dac444afdcaf6c123c2625582e4556ed5.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ယနေ့မှာပဲ ပျံလွန်တော်မူသွားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟိုပုံးကိုရင်လေး (ခေါ်) အရှင်ပေါရိဿ

ယနေ့ စက်တင်ဘာလ (၁)ရက်နေ့မှာတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဟိုပုံးကိုရင်လေး (ခေါ်) အရှင်ပေါရိဿ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဟိုပုံးကိုရင်လေးက ယနေ့ မနက် (၁၁)နာရီ (၄၅)မိနစ်အချိန်မှာပဲ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ် ။ ဒီသတင်းကိုတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကို အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"Pa-O National Organization" FB Page
Photo Credit-"Pa-O National Organization" FB Page
Photo Credit-Original Uploader 
Photo Credit-Original Uploader 

ထမ်းစမ်းလှိုင်ဂူမှာ တရားအားထုတ်ခဲ့တဲ့ ဟိုပုံးကိုရင်လေးက ထမ်စမ်းကိုယ်တော်လို့လည်း လူသိများတဲ့ ဆရာတော်တစ်ပါးပဲ ဖြစ်ပါတယ်။ အခုတော့ ဟိုပုံးကိုရင်လေးက Covid-19 ရောဂါကူးစက်ခံရပြီး ပျံလွန်တော်မူသွားတာဖြစ်တယ်လို့ သိရတာလည်း ဖြစ်ပါတယ် ။ သြဂုတ်လ (၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်များအရ ဟိုပုံးမြို့နယ်မှာ ကိုဗစ်ရောဂါရှိသူ (၅၇၆)ဦးခန့်ရှိပြီး သေဆုံးသူ (၈)ဦးခန့်ရှိကြောင်း ပအိုဝ်းအမျိုးသားအဖွဲဲ့ချုပ်က ကြေညာထားပါတယ်။

Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 

ဟိုပုံးကိုရင်လေး ပျံလွန်တော်မူသွားတာနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက "အခုလို ဗုဒ္ဓဘာသာ သာသနာပြုနေတဲ့ ကိုရင်လေး ပျံလွတ်တော်မူသွားတဲ့အတွက် မိမိတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အနေနဲ့ရော မိမိတို့ပအိုဝ်းပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ များစွာ စိတ်မကောင်းဖြစ်ရပါတယ်" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ် ။ ဟိုပုံးကိုရင်လေး (ခေါ်) အရှင်ပေါရိဿက ပျံလွန်တော်မူတဲ့အချိန်မှာ သက်တော် (၄၇)နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ကိုဗစ်ရောဂါနဲ့ ပျံလွန်တော်မူသွားတဲ့ ဟိုပုံးကိုရင်လေးရဲ့အန္တိမစျာပနကိုကျင်းပမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အခုချိန်အထိ အတိအကျ မသိရသေးတာ ဖြစ်ပါတယ်။

Source & Photo Credit-"Pa-O National Organization" FB Page

Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-"Pa-O National Organization" FB Page
Photo Credit-"Pa-O National Organization" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T