အင်္ဂလန်နိုင်ငံရဲ့ သမိုင်းထဲက ထင်ရှားလှတဲ့ ဘုရင်မကြီး Victoria အကြောင်း

//s9.kh1.co/0c/0cc63f36e51b47548b5d9bdc03efa2cbec6109e3.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အင်္ဂလန်နိုင်ငံကို အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ ဘုရင်မတစ်ဦးရှိပါတယ်။ဘုရင်မကြီးရဲ့နာမည်ကတော့ Victoria ဖြစ်ပြီး သူမကို ၁၈၁၉ ခုနှစ်မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ ဖခင်ကတော့ အဲ့အချိန်က အင်္ဂလန်ဘုရင်ရဲ့ စတုတ္ထမြောက်သားတော် ကင့်မြိုးစား အက်ဒွပ်ဖြစ်ပြီး မိခင်ကတော့ ဂျာမန်မင်းသမီး Victoria Saxe-Coburg-Saalfeld ပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူ အက်ဒွပ်က သူမ တစ်နှစ်အရွယ်မတိုင်မီလေးမှာပဲ ဆုံးပါးသွားတဲ့အတွက် မိခင်လက်ပေါ်မှာသာ ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲကနေ ဘာသာစကား ၊ နိုင်ငံရေး ပတ်သတ်တာတွေကို သင်ယူခဲ့ပြီး အသက် 18 နှစ်အရွယ်လောက်အရောက်မှာ ဦးလေးတော်စပ်သူ အင်္ဂလန်ဘုရင် ဝီလျံ ရုတ်တရက်ကွယ်လွန်သွားတာကြောင့် Victoria ဟာ အမှတ်မထင်ပဲ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1000,q=100/5a/5ac0c52a37cf29bdb6d1a907ebc861f063b31cd0.jpg

ဘုရင်မကြီးနန်းတက်ခါစက အင်္ဂလန်ဝန်ကြီးချုပ်နဲ့ ပါလီမန်က ဗြိတိသျှအင်ပါယာကို ထိန်းချုပ်နေတဲ့အချိန်ဖြစ်ပြီး အင်္ဂလန်ဘုရင်တွေက အစိုးရအုပ်ချုပ်ရေးဘက်မှာ သြဇာအာဏာ အနည်းငယ်သာသက်ရောက်တဲ့ အချိန်ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဘုရင်မကြီးဟာ ဗြိတိသျှအင်ပါယာကြီးမားအောင် အမြဲကြံဆတွေးတော့တွေးခဲ့ပြီး အကြံပေးများနဲ့လည်း မကြာခဏ တွေးဆုံဆွေးနွေးခဲ့ကာ အခမ်းအနားတွေလည်း များစွာကျင်းပခဲ့ပြီး မဟာမိတ်များနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဘုရင်မကြီးရဲ့ သြဇာအာဏာဟာ တဖြေးဖြေးကြီးထွားလာခဲ့ပြီး ဗြိတိသျှဝန်ကြီးချုပ်တွေကတောင် ဘုရင်မကြီးထံမှာ အုပ်ချုပ်ရေးပညာပြန်လည်လေ့လာရတဲ့ အခြေအနေကိုရောက်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=270,h=187,q=100/fb/fb9e417a6d5479a82256bd5c3dc0f6b10a7bc067.jpeg

ဝိတိုရိယဘုရင်မကြီးလက်ထက်မှာ လော့ပါမာ စတန် ၊ ဗင်ဂျမင်ဒစ်ဇရေလီ ၊ ဂလက်စတုန်း ၊ လော့ဆော့စဗရီ ၊ ဆာရောဗတ်ပီး ၊ စတဲ့ ထူးချွန်တဲ့ဝန်ကြီးချုပ်တွေထွက်ပေါ်ခဲ့တာကြောင့် ဗြိတိသျှအင်ပါယာကြီးဟာ တန်ခိုးအာဏာတိုးတက်ခဲ့သလို ပြည်တွင်းစက်မှုလုပ်ငန်းတွေလည်း ထွန်းကားလာခဲ့ပါတယ်။ဘုရင်မကြီးဟာ သူမရဲ့မောင်တစ်ဝမ်းကွဲတော်စပ်သူ အဲလဘတ်မင်းသားနဲ့ လက်ထပ်ခဲ့ပြီး သားသမီးကိုးယောက်ဖွားမြင်ခဲ့ပါတယ်။ ဘုရင်မကြီးဟာ ၆၃ နှစ်ကြာအောင် ထီးနန်းစိုးစံခဲ့ပြီး အသက် ၈၁ နှစ်အရွယ် ခရစ်နှစ် ၁၉၀၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဘုရင်မကြီးသေဆုံးခဲ့ချိန်မှာတော့ အင်္ဂလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်းအားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိနေပြီဖြစ်ပြီး ဘုရင်မကြီးရဲ့သမိုင်းဟာလည်း ယနေ့ထက်ထိ ပျံ့လွင့်ကျန်ရှိနေဆဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/4a/4a4dc3ae67cf178e2fa0e3143562680b758cdb67.jpg
https://s9.kh1.co/__image/w=650,h=918,q=100/da/da487e2e9855362b4a5f4fdb531c55ae47ac6e1b.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T