ဆော်ဒီအာရေဗျနိုင်ငံထဲကို ဒရုန်းတွေပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့ ဟူသီများ

//s9.kh1.co/d8/d86431a0e1a85d9c297a281f5f29d3d176790aff.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ သြဂုတ်လ 30 ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံအတွင်းက အာဘာလေဆိပ်ကို ဟူသီတွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကနေဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေကြောင့် လူ 8 ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်ထဲက အရပ်ဘက် လေယာဉ်တစီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/d8/d86431a0e1a85d9c297a281f5f29d3d176790aff.jpg

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူကတော့ တစ်ယောက်မှမရှိခဲ့ဘူးလို့သိရသလို လေဆိပ်တစ်ခုလုံးမှာလည်း အပျက်အစီးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အွန်လိုင်းပေါ်တက်လာတဲ့ သတင်းတွေအရတော့ ဆော်ဒီအာရေဗျဟာ ဟူသီတွေပစ်လွှတ်လိုက်တဲ့ လက်နက်တွေပါတဲ့ ဒရုန်းတစ်စင်းကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=600,h=397,q=100/03/030eb9f244394376a976e853a8b0b8a26d42ea21.jpeg

ဆော်ဒေအာရေဗျ အနေနဲ့လည်း ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူးလို့သိရပါတယ်။

ယီမင်နိုင်ငံက ဟူသီတွေဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်းကို ဒုံးကျည်တွေ၊ ဒရုန်းယာဉ်တွေနဲ့ ပုံမှန် ပစ်ခတ်တိုက်ခိုက်လေ့ရှိပေမယ့်လည်း ဒီတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီးတော့ ဘာမှထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T