ခင်ပွန်းကိုလွမ်းပေမယ့် ပြိုလဲမသွားဘဲ ချစ်ရတဲ့သားနဲ့သမီးကိုစောင့်ရှောက်နိုင်ဖို့ အရင်ကထက်ပိုပြီးကြိုးစားမယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

//s9.kh1.co/85/85873a84a40979eb5de057563720852a238717b2.png
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့သြဂုတ်လက ဘဝတစ်ပါးကိုကူးပြောင်းသွားတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ယောကျာ်းဖြစ်သူဟာ သိပ်ချစ်ရတဲ့နန်းမြတ်နဲ့ လေးနှစ်တာအမှတ်တရတွေကို အကောင်းဆုံးဖြတ်သန်းသွားခဲ့တဲ့ Covid ရောဂါဆိုးကြီးရဲ့နှိပ်စက်မှုကြောင့် အချိန်မတန်သေးဘဲ လောကကြီးကိုစွန့်ခွာခဲ့ရပါတယ်။ ခင်ပွန်းဆုံးပါးသွားပြီးနောက်ပိုင်းမှာ သူမကိုစာနာကြသူတွေဟာ အားပေးစကားတွေ အမျိုးမျိုး ပြောခဲ့ကြပါတယ်။ သူမကိုယ်တိုင်ကလည်း တရားအသိနဲ့နေထိုင်ပြီး ကျန်ရစ်ခဲ့တဲ့ သားသမီးတွေကို မိခင်တာဝန်အပြည့်အဝပေးပြီးစောင့်ရှောက်နိုင်ဖို့ ခင်ပွန်းကိုလွမ်းပေမယ့် ပြိုလဲမသွားအောင် ထိန်းထားတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit - Nann Myat Phyo Thin's FB Acc
Photo Credit - Nann Myat Phyo Thin's FB Acc

ဖခင်မရှိတော့တဲ့နောက်ပိုင်းမှာ နန်းမြတ်ဟာ သားနဲ့သမီးကို မိခင်လိုရော ဖခင်လိုပါ စောင့်ရှောက်ရမယ် ဆိုတဲ့စိတ်သဘောထားအပြည့်အဝထားခဲ့ပြီး ခင်ပွန်းကိုလွမ်းတဲ့စိတ်တွေ ရင်ထဲမှာပဲမြိုသိပ်ရင်း သားနဲ့သမီးအတွက် အကောင်းဆုံးရှေ့ဆက်မယ့်အကြောင်း သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့ဆိုတာ သူမအနေနဲ့ အများကြီးကြိုးစားရမှာပါ။

Photo Credit - Nann Myat Phyo Thin's FB Acc
Photo Credit - Nann Myat Phyo Thin's FB Acc

ခင်ပွန်းဖြစ်သူထားခဲ့တဲ့ အေးချမ်းလုံခြုံတဲ့အသိုက်အမြုံလေးကနေပဲ သူမရဲ့ကလေးတွေကို အကောင်းဆုံး စောင့်ရှောက်မယ့်အကြောင်းနဲ့ ခင်ပွန်းဖြစ်သူကိုလည်းအမြဲလွမ်းနေမယ့် အကြောင်းပြောခဲ့ပါသေးတယ်။ အတူတူသွားခဲ့တဲ့နေရာတွေရောက်တိုင်း သတိတရရှိနေမှာဖြစ်ပြီး သူမအပေါ်သိပ်ချစ်ပြီး စာနာပေးတဲ့ ခင်ပွန်းဖြစ်သူအတွက်လည်း ကောင်းရာမွန်ရာကိုရောက်နိုင်ဖို့ ကုသိုလ်တရားတွေလည်း မပြတ်လုပ်ပေးနေ ခဲ့ပါတယ်။ ကိုတာတာမျိုးလည်း ကောင်းမွန်ရာဘုံဘဝမှာ အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Nann Myat Phyo Thin's FB Acc
Photo Credit - Nann Myat Phyo Thin's FB Acc

သတင်း အရင်းအမြစ် Nann Myat Phyo Thin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T