စား၀တ်နေရေးခက်ခဲနေတဲ့ အိမ်ခြေ ၇၀ကျော်အတွက် တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ကူညီပေးခဲ့တဲ့ မင်းသွေးခန့်

//s9.kh1.co/a7/a79d2373846853d9538499a8a844f9deae134f4f.jpg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ပြည်သူတွေလည်း စား၀တ်နေရေးကြပ်တည်းနေကြတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပြည်သူချင်းကူညီပေးနေကြပြီး ပရဟိတအဖွဲ့အစည်းတွေကလည်း စားနပ်ရိက္ခာတွေလှူဒါန်းပေးနေကြသလို အနုပညာရှင်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းပေးနေကြတာကိုတွေ့ရပါတယ်......။

Photo credit-Min Thway Khant's Facebook acc
Photo credit-Min Thway Khant's Facebook acc
Photo credit-Min Thway Khant's Facebook acc
Photo credit-Min Thway Khant's Facebook acc

မော်ဒယ်သရုပ်ဆောင် မင်းသွေးခန့်ကလည်း လက်ရှိကာလမှာ တတ်နိုင်တဲ့ဘက်ကနေကူညီလှူဒါန်းမှုတွေပြုလုပ်နေပြီး Covidကာလအတွင်းမှာလည်း volunteerအနေနဲ့ ကူညီဆောင်ရွက်ပေးခဲ့တာလည်း တွေ့ရပါတယ် ။ အခုအခါမှာဆိုရင်လည်း မင်းသွေးခန့်ဟာ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းရွာလေးက အစားအသောက်ခက်ခဲနေတဲ့ အိမ်ခြေ ၇၀ကျော်အတွက် အစားအသောက်များလှူဒါန်းရာမှာ လုပ်အားပေးအနေနဲ့ ပါ၀င်ကူညီနေတာဖြစ်ပါတယ်။

Photo credit-Min Thway Khant's Facebook acc
Photo credit-Min Thway Khant's Facebook acc
Photo credit-Min Thway Khant's Facebook acc
Photo credit-Min Thway Khant's Facebook acc

အခုလို အဖက်ဖက်ကနေစီးပွားရေးကြပ်တည်းပြီး မပြေလည်နေကြတဲ့အချိန်မှာ အာဟာရကုသိုလ်ပေးခြင်းက အင်မတန်မွန်မြတ်လှတဲ့ ကုသိုလ်တစ်ရပ်ပါ ။ အခက်အခဲဖြစ်နေကြတဲ့ကာလကြီးမှာ ပြည်သူချင်း တတ်နိုင်တဲ့ဘက်ကနေ ရသလိုနည်းနဲ့ အကူအညီပေးကြတာကလည်း မြန်မာလူမျိုးတွေရဲ့ လေးစားစရာစိတ်ထားလေးတွေပဲဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit-Min Thway Khant's Facebook acc
Photo credit-Min Thway Khant's Facebook acc

သတင်း အရင်းအမြစ်Min Thway Khant's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T