တာလီဘန်တွေရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ကာဘူးလ်လေဆိပ်မှာ အသက်ပေးခဲ့ရတဲ့ အမေရိကန်စစ်သား(၁၃)ယောက်ရဲ့ အိမ်ပြန်ခရီး

//s9.kh1.co/bc/bcacb48f5c6d1cd430f12d596ed4f878226ea094.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်နစ်စတန်က ကာဘူးလ်လေဆိပ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန်စစ်တပ်က သူ့ရဲ့နိုင်ငံသားတွေနဲ့ အာဖဂန်နိုင်ငံသားတွေကို ကယ်ထုတ်ပေးရင်း တာလီဘန်စစ်သွေးကြွရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား(၁၃)ယောက်အပါဝင် ရာနဲ့ချီသေဆုံးခဲ့ရပါတယ်။ လေဆိပ်မှာ ကယ်ဆယ်လုပ်ငန်းများ လုပ်ဆောင်ရင်း အသက်ပေးခဲ့ရတဲ့ အမေရိကန်စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို ကာဘူးလ်လေဆိပ်ကနေတစ်ဆင့် မိမိနိုင်ငံကို ပြန်လည် သယ်ဆောင်ပေးခဲ့ပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail

အသက်ပေးခဲ့တဲ့ စစ်သား(၁၃)ယောက်ရဲ့ရုပ်အလောင်းအား ဒိုဗာလေတပ်ဌာနချုပ်သို့ ပြန်လည်သယ်ဆောင်လာစဥ်မှာ သမ္မတဂျိုးဘိုက်တန်နဲ့ ဇနီးဖြစ်သူ First Lady တို့အပြင် နိုင်ငံ့အကြီးအကဲများက သွားရောက်ကြိုဆိုပြီး ဂုဏ်ပြုခဲ့ကြောင့် နိုင်ငံတကာ သတင်းများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ကျဆုံးသွားတဲ့ စစ်သား(၁၃)ယောက်ထဲမှာ (၅)ယောက်ဟာ အသက်(၂၀) အရွယ်မျှသာရှိကြောင်း သိရပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail

ဒါ့အပြင် အဆိုပါ သေဆုံးသူထဲမှာ ရက်အနည်းငယ်အတွင်း ပထမဆုံး ဖခင်လောင်း ဖြစ်လာမယ့် သူပါဝင်ခဲ့ပါတယ်။ ကာဘူးလ်လေဆိပ်မှာ ဗုံးပေါက်ကွဲမှုကြောင့် အသက်ပေးခဲ့တဲ့ အမေရိကန်စစ်သား(၁၃)ကို သူ့နိုင်ငံသားတွေက ချီးကျူးဂုဏ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်စစ်တပ်ဟာ အာဖဂန်နစ်စတန်နိုင်ငံရဲ့ ပြည်တွင်းစစ်ရေးမှာ နှစ်(၂၀)အကြာ ပါဝင်ခဲ့ပြီး ယမန်နေ့သြဂုတ်(၃၁)နေ့က နိုင်ငံကနေနောက်ဆုံးထွက်ခွာသွားခဲ့ပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail

သတင်း အရင်းအမြစ်Source -Daily Mail

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T