အတင်းအကြပ်ငွေတောင်းရမ်းခိုင်းပြီး ငြင်းဆန်မိရင် နှိပ်စက်တဲ့ မိခင်ဆိုးရဲ့လက်ထဲကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်တဲ့ သနားစရာကလေးငယ်

//s9.kh1.co/07/07a23baacafaca5f3f22bbf3c40ac3babde9331a.png
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ကလေးတွေဟာ အနာဂတ်ရဲ့အဖူးအပွင့်လေးတွေဖြစ်ပြီး ဒီလိုကလေးတွေရဲ့အနာဂတ်ကို အကောင်းဆုံးဖြစ်အောင်ပုံဖော်ပေးရမှာ အုပ်ထိန်းသူတွေရဲ့တာဝန်ပါပဲ။ ပတ်ဝန်းကျင်မှာ ငွေကြေးတောင်းရမ်းနေတဲ့ကလေးငယ်တွေကို မကြာခဏဆိုသလိုတွေ့ဖူးကြမှာပါ။ ဒီကလေးတွေဟာ တစ်ယောက်ယောက်ရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့်ဖြစ်စေ မိမိသဘောဆန္ဒအလျောက်ဖြစ်စေ ဒီလိုငွေကြေးတောင်းရမ်းမှုတွေကိုလုပ်နေရတာဟာ သနားစရာကောင်းလွန်းပါတယ်။ အရွယ်နဲ့မလိုက်အောင် ခက်ခဲလွန်းတဲ့ဘဝမှာ တောင်းရမ်းမှသာအသက်ဆက်နိုင်မယ့် အနေအထားတွေဖြစ်နေခဲ့တာပါ။

Photo Credit - Myo Naung Naung Zaw's FB Acc
Photo Credit - Myo Naung Naung Zaw's FB Acc

ဒီနေ့မှာလည်း မြဝတီမြို့က ယာဉ်အသွားအလာ များပြားလွန်းလှတဲ့ အမှတ် (၄) ရပ်ကွက် ကမ္ဘာဇဘဏ် (၃) အရှေ့ဘုရင့်နောင်လမ်းမကြီးပေါ် က ကားတွေကြားထဲမှာ ပြေးလွှားတောင်းရမ်းနေတဲ့ ကလေးငယ် တစ်ယောက်ဟာ အန္တရာယ်တွေထက် မိခင်ဟုယူဆရတဲ့ အမျိုးသမီးရဲ့နှိပ်စက်မှုကိုခံရမှာ ပိုပြီးကြောက်ရွံ့နေခဲ့ပါတယ်။ ကလေးအရွယ်လေးဟာ ဒီလိုအလုပ်တွေမလုပ်ချင်ပေမယ့် ကလေးဗန်းပြပြီး ငွေကြေးအလကားယူချင်နေတဲ့ လူ့အန္ဓတွေရဲ့လုပ်ရပ်ဟာ ရွံရှာမုန်းတီဖွယ်ပါပဲ။ ဒီကလေးရဲ့အဖြစ်ကိုတော့ မြဝတီမြို့က သတင်းသမား ကိုဝင်းဇော်က Facebook မှာ Live လွှင့်ပြီး အားလုံးသိအောင် ပြောပြခဲ့ပါတယ်။

Photo Credit - Myo Naung Naung Zaw's FB Acc
Photo Credit - Myo Naung Naung Zaw's FB Acc

ဒီနောက်မှာတော့ မြဝတီမြို့ အခြေစိုက် ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေး (CCF) ဖောင်ဒေးရှင်းမှ ၎င်းတို့ရဲ့ဂေဟာမှာခေတ္တထိန်းသိမ်းစောင့်ရှောက်ထားရန် ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုကြောင့် မြဝတီခရိုင် လူမှုကယ်ဆယ်ရေးခရိုင်ဦးစီးမှုး ဦးသီဟနိုင်နဲ့ အမှတ် (၄) ရပ်ကွက် ရာအိမ်မှုးများရှေ့မှာ ကလေးငယ်အား ခေတ္တထိန်းသိမ်း စောင့်ရှောက်ရန် (CCF) ဖောင်ဒေးရှင်းမှ သြဂုတ်လ (၃၀) ရက်နေ့ ညမှာပဲ ယင်းတို့ရဲ့ ဂေဟာသို့ ခေါ် ဆောင်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ အေးချမ်းသွားတဲ့ ကလေးရဲ့ဘဝအတွက် တကယ်ကိုစိတ်ချမ်းသာရပါတယ်။

Photo Credit - Myo Naung Naung Zaw's FB Acc
Photo Credit - Myo Naung Naung Zaw's FB Acc

သတင်း အရင်းအမြစ်Myo Naung Naung Zaw's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T