ကိုဗစ် ရောဂါဆိုးကြီးကို အားတင်းစွာ အနိုင်တိုက်ခဲ့တဲ့ အသက် (၉၂) အရွယ်အဖိုးရဲ့ ပီတိဖြစ်စရာ ဖြစ်ရပ်လေး

//s9.kh1.co/b8/b8e1f00d57eb1a33650ce14dfc918158ee3a15de.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

တတိယလှိုင်းအနေနဲ့ တစ်ကျော့ ပြန်လည်ရောက်ရှိလာတဲ့ ကိုဗစ်ရောဂါကြောင့် သေဆုံးကြရသူတွေ မနည်းပါဘူး ။ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ရောဂါဖြစ်ရင်တောင် အိမ်မှာပဲ ကုသနေကြရလို့ အရင်ထက် ဆုံးရှုံးမှုတွေ ပိုများတာကို တွေ့ရပါတယ် ။ မြို့ကြီးတွေမှာဆိုရင် ပိုတောင်အခြေအနေတွေ ဆိုးဝါးခဲ့ပြီး အလောင်းတွေကို မီးသင်္ဂြိုဟ်လို့ မနိုင်သည်အထိပါပဲ ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 

ဒီလို သတင်းဆိုးတွေ ကြားကနေမှ ပြန်လည်ကောင်းမွန်လာကြတဲ့ လူနာတွေလည်း မနည်းပါဘူး ။ ပြန်လည်ကောင်းမွန်လာသူတွေကလည်း သူတို့ရဲ့ နေထိုင် စားသောက်ပုံတွေ ကုသပုံတွေကို လူမှုကွန်ရက် စာမျက်နှာတွေ အထက်မှာ အကျိုးရှိစွာ ပြန်လည်ဝေမျှခဲ့ကြတာကိုလည်း တွေ့ရပါတယ် ။  တစ်ချို့ကိုဗစ်ရောဂါ ပျောက်ကင်းသွားကြသူတွေ အထဲမှာ အသက်အရွယ်ကြီးသူတွေပါ ရှိနေကြတာ တကယ်ကို အံ့ဩပီတိဖြစ်စရာတွေပါပဲ ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 

အခုလည်း မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ဆေးရုံ သုံးထပ်ဆောင် (Covid center) မှာ တက်ရောက် ကုသနေတဲ့ အသက် (၉၂) နှစ်အရွယ် အဖိုး တစ်ဦးက ကိုဗစ်ရောဂါပျောက်ကင်းသွားလို့ လက်မထောင်ရင်း ဝမ်းသာပီတိဖြစ်နေတဲ့ ပို့စ်လေးတစ်ခုကိုတွေ့ရပါတယ် ။ ရောဂါပျောက်ကင်းလို့ တက်ကြွပျော်ရွှင်နေတဲ့ အဖိုးရဲ့ ပုံရိပ်တွေက အပျော်တွေ ကူးစက်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အားလုံးလည်း အဖိုးလို ကိုဗစ်ရောဂါကို အနိုင်တိုက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T