D Day လို့ ထိုင်အော်နေကြသူတွေကို တောထဲက သူတို့ရင်ဆိုင်နေရတဲ့ ဒုက္ခအခက်အခဲတွေနဲ့ တိုက်ပွဲဝင်နေရတဲ့ရည်ရွယ်ချက်ကို ပြောပြလာတဲ့ PDF လူငယ်တစ်ဦး

//s9.kh1.co/5a/5a8f293e39e993f3b702ef9f10b208062e317b05.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြည်သူတွေအားလုံး ကြိုးစားပါဝင်နေတဲ့ တော်လှန်ရေး တိုက်ပွဲကြီးကတော့ ဖေဖော်ဝါရီလ(၁) ရက်နေ့ကတည်းကနေ ယနေ့အချိန်ထိဆိုရင် (၇)လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်..။

မျိုးဆက်သစ် လူငယ်တွေကတော့ အသက်ပေးကာ လက်နက်တော်လှန်နေကြသလို အခြားသူတွေကလည်း ကျရာတာဝန်တွေကနေ တစ်ဖက်တစ်လမ်းက အသီးသီးပါဝင်နေကြတာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Kyaw Ye's Fb Acc
Photo Credit - Kyaw Ye's Fb Acc

လူငယ်တွေအနေနဲ့ တောထဲမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေကြရတာကလည်း အစစအရာရာ အခက်အခဲတွေများစွာရှိနေတဲ့ကြားက အားမလျော့ဘဲ တိုက်ပွဲဝင်နေကြပေမယ့် D Day လို့ အော်နေတဲ့ သူတွေနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်လို့နေပါတယ်..။

D Day လို့ ထိုင်အော်နေတဲ့သူတွေအနေနဲ့ သူတို့ရဲ့အခက်အခဲတွေကို သိနိုင်ဖို့အတွက် တောထဲမှာ တစ်ရက်ပဲနေကြည့်ဖို့ ပြောထားပြီး တိုက်ပွဲဝင်နေရတဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေကို ပြောပြလာပါတယ်..။

Photo Credit - Kyaw Ye's Fb Acc
Photo Credit - Kyaw Ye's Fb Acc
Photo Credit - Kyaw Ye's Fb Acc<br>
Photo Credit - Kyaw Ye's Fb Acc

မိသားစုနဲ့ အိမ်ကို လွမ်းတဲ့စိတ်တွေကို မြိုသိမ့်ဖြေဖျောက်ကာ ပြည်သူနဲ့ အနာဂတ်တွေအပြင် နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ကြိုးစားတိုက်ပွဲဝင်နေတဲ့အကြောင်းတွေ ပြောပြထားတာ ဖြစ်ပါတယ်..။

အခုလို မိုးလေသည်းထန်စွာရွာနေတဲ့ ကာလမျိုးမှာ တောထဲအခက်အခဲမျိုးစုံနဲ့ ပြည်သူတွေအတွက် အနစ်နာခံတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ပြည်သူတွေကလည်း မေတ္တာထားဆုတောင်းရင်း အားပေးကြဖို့ မမေ့ပါနဲ့နော်..။

Photo Credit - Kyaw Ye's Fb Acc
Photo Credit - Kyaw Ye's Fb Acc
Photo Credit - Kyaw Ye's Fb Acc
Photo Credit - Kyaw Ye's Fb Acc

သတင်း အရင်းအမြစ်Kyaw Ye's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T