နိုင်ငံအတွင်းမှာ အမေရိကန်တပ်သားတွေမရှိတော့မယ့်အဖြစ်ကိုတွေးပြီး ဝမ်းသာအားရအောင်ပွဲခံ သေနတ်ပစ်ဖောက်နေကြတဲ့ တာလီဘန်များ

//s9.kh1.co/79/79e565a93e48b9de35e02b8371617a6da8b76ad0.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေ အပြီးထွက်သွားတော့မှာ ဖြစ်တဲ့အတွက် တာလီဘန်တွေအဖို့အတော်လေးကို ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ကဘူးလ်လေဆိပ်ကနေ အမေရိကန်နောက်ဆုံးစစ်လေယာဉ်ပျံသန်းထွက်ခွာသွားချိန်မှာ တာလီဘန်တွေရဲ့ အောင်ပွဲခံ သေနတ်ပစ်ဖောက်သံတွေ ဆူညံသွားခဲ့ပါတယ်။တိုက်ပွဲတွေနဲ့ဒဏ်ပိနေတဲ့ အာဖဂန်နိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံများစွာ သုံးစွဲခဲ့ပေမယ့်လည်းအမေရိကန်နိုင်ငံဟာ သဘောထားတင်းမာတဲ့ တာလီဘန်တွေ အာဏာရချိန်မှာ စတင်ခဲ့ပြီး သူတို့တစ်ဖန် အာဏာပြန်သိမ်းလိုက်ချိန်မှာတော့ နှစ်(၂၀) ကြာ စစ်ပွဲကို နိုင်ငံကနေ သူတို့တပ်တွေ အပြီးအစီးရုတ်သိမ်းခြင်းနဲ့အတူအဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အမေရိကန် နောက်ဆုံးစစ်လေယာဉ် ထွက်ခွာသွားပြီး မကြာခင်မှာပဲ တာလီဘန်တွေရဲ့ အောင်ပွဲခံ သေနတ်ပစ်ဖောက်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေ အာဏာသိမ်းလိုက်တဲ့အချိန်မှာ အာဖဂန်နိုင်ငံသားများဟာ အမေရိကန်နိုင်ငံသို့ ပျံသန်းမယ့် လေယာဉ်ပေါ်သို့ အလုအယက်ပြေးတက်ခဲ့ကြပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်ဆိုးများနဲ့လည်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အမေရိကန်ရဲ့ ကာလရှည်စစ်ပွဲအဆုံးသတ်အဖြစ် သမ္မတဂျိုးဘိုင်ဒင် သတ်မှတ်ထားတဲ့ ဩဂုတ်လ (၃၁) ရက်နေ့နောက်ဆုံး သတ်မှတ်ရက် မတိုင်မီမှာပဲအမေရိကန်တပ်တွေ အပြီးသတ် ရုတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်(၂၀) ကြာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အမေရိကန်စစ်သား (၂၄၀၀) ကျော် ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ အားလုံးလည်း ဗဟုသုတအဖြစ် ဖတ်ရှုလေ့လာလို့ ရစေရန်အတွက်ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T