ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကိုဖြတ်ပြီး ရန်သူကိုတိုက်ခိုက်ချေမှုန်းဖို့အတွက် စစ်ကြောင်းထွက်လာကြတဲ့ ပုလဲPDFတပ်ဖွဲ့ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/52/528c5e176954d4c4434859751716100ef7c6fd7b.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကိုဖြတ်ပြီး ရန်သူကိုတိုက်ခိုက်ချေမှုန်းဖို့အတွက် စစ်ကြောင်းထွက်လာကြတဲ့ ပုလဲPDFတပ်ဖွဲ့ရဲ့ ဗီဒီယိုဖိုင်

ယခုကာလက နွေဦးတော်လှန်ရေး အရှိန်မြင့်တတ်နေတဲ့ ကာလဖြစ်ပြီး မြန်မာပြည်သူတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကာ ရရာလက်နက်တွေနဲ့ အာဏာရှင်ကို တိုက်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။PDFတပ်ဖွဲ့တွေထဲ ဝင်ရောက်လာတဲ့ ပြည်သူတွေကတော့ တောတောင်တွေထဲမှာ အနေဆင်းရဲ၊အစားဆင်းရဲနဲ့ အပင်ပန်းခံကာ စစ်ရေးလေ့ကျင့်နေကြပါတယ်။ အချို့နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ သတင်းတွေကိုလည်း မြင်တွေ့နေရပြီး အချို့PDFတပ်ဖွဲ့ဟာလည်း ရှေ့တန်းကို ထွက်နေကြပြီဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သြဂုတ်လ(၃၁)ရက်နေ့ မနေ့ကတော့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ရန်သူကို တိုက်ခိုက်ဖို့အတွက် ရှေ့တန်းစစ်မျက်နှာပြင်ဆီကို သွားနေကြပါတယ်။ ပုလဲPDFတွေက ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကို ဖြတ်ကျော်ပြီး စစ်ကြောင်းထွက်နေခဲ့တဲ့ ဗီဒီယိုဖိုင်လေးဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ထွက်ပေါ်လာနေခဲ့တာပဲ ဖြစ်ပါတယ်။ မိုးတွေရွာပြီး လမ်းတွေချော်နေတာမို့ အချင်းချင်းလက်တွဲပြီး သွားလာကြဖို့၊ ဂရုစိုက်ကြဖို့ ပြောဆိုနေတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယမ်းတွေ ရေစိုရင် ပစ်မရတော့တာကြောင့် ယမ်းတွေ ရေမစိုစေဖို့လည်း PDFတပ်ဖွဲ့ဝင်အချင်းချင်းသတိပေးစကားတွေ ပြောဆိုနေကြပါတယ်။စစ်ကြောင်းထွက်လာကြတဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘေးကင်းကျန်းမာကြစေဖို့၊ အောင်ပွဲရရှိစေဖို့ ပြည်သူတွေက ဆုတောင်းပေးနေကြပါတယ်။ ရန်သူတွေကို တိုက်ထုတ်ချေမှုန်းဖို့အတွက် ရှေ့တန်းစစ်မျက်နှာပြင်ဆီ သွားနေကြတဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder

(ဗီဒီယိုဖိုင် ကြည့်ရူရန်အတွက် အောက်ပါလင့်ကို Copyလုပ်ပြီး openကိုနှိပ်၍ facebookနှိပ်ကာ ဖွင့်ပါ)

(https://www.facebook.com/106559704436097/videos/172039405041434/)

Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T