အိမ်သစ်လေးတစ်လုံး ကိုယ်တိုင်ဆောက်လုပ်ပေးခဲ့တဲ့ မိသားစုလေးကို ဒုတိယအကြိမ် ကြည်နူးဖွယ် လှူဒါန်းမှု​လေးပြုလုပ်ခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/b9/b9b5f8a2d0b59b5a4bb93d997be151fbfdf9a096.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာရှင်တွေထဲမှာ လေးစားချစ်ခင်ရတဲ့ ဝေဠုကျော်ဟာ တကယ့်ကိုမွန်မြတ်လှတဲ့ လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ပေးနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေး ကာလတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ လူနာယာဥ်မောင်းပြီး နေ့မနားညမနား သယ်ပို့တာတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြတဲ့ မိသားစုတွေကိုလည်း တတ်နိုင်ဘက်ကနေ ကူညီထောက်ပံ့လှူဒါန်းပေးတာတွေလည်း ရှိခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

ယခုမှာလည်း ဝေဠုကျော်က ပရိသတ်တွေကြည်နူးစေမယ့် နောက်ထပ်အလှူလေးတစ်ခုပြုလုပ်ပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်း မတိုင်ခင်လောက်က ဂျိုးဖြူပိုက်လုံးဘေးရှိ ကျူးရပ်ကွက်ထဲမှာ အိမ်သစ်လေးတစ်လုံး ကိုယ်တိုင် ဆောက်လုပ်ပေးခဲ့တဲ့ မိသားစုလေးအတွက် ထပ်မံသွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါမိသားစုလေးဟာ ယောကျာ်းဖြစ်သူက စွန့်ပစ်သွားတာကြောင့် သားသမီး(၄)ယောက်နဲ့အတူ မီးပူတိုက် ၊ အဝတ်လျှော်ဖွပ်ပြီး ဝမ်းရေးကြောင်းနေရတာ ဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

ယခုဒုတိယအကြိမ်အဖြစ် အဆိုပါမိသားစုအတွက် ကိုဗစ်ကာလမှာ အဆင်ပြေဖို့ဆန်၊ဆီ၊ ကြက်ဥ၊mask နဲ့ အဝတ်အထည်တချို့ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလတွေမှာ ပြည်သူများက စားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်နေရတဲ့ အခြေအနေဖြစ်တာကြောင့် ယခုလို လှူဒါန်းပေးတာဟာ တကယ့်ကို မွန်မြတ်လှပါတယ်။ ပရိသတ်တွေကလည်း ကြည်နူးဝမ်းမြောက်ဖွယ် လှူဒါန်းမှုလေး ပြုလုပ်ပေးခဲ့တဲ့ ဝေဠုကျော်ကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦး။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

သတင်း အရင်းအမြစ်Source - Wai Lu Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T