ဂျပန်နိုင်ငံက အင်ဂျင်နီယားများ တီထွင်ခဲ့ကြတဲ့ ကားကနေ စက်ရုပ်အဖြစ်ပြောင်းလဲနိုင်တဲ့ J-deite Ride

//s9.kh1.co/c7/c75171fa81e973a1579cceb7328f12d0aacd83d0.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်နိုင်ငံ ဟာဆိုရင် စက်ရုပ် တီထွင်တဲ့နေရာမှာ အတော်လေးကို ထူးချွန်တဲ့ အဆင့်လို့တောင် ပြောလို့ရပါတယ်။ သူတို့နိုင်ငံက တီထွင်လိုက်တဲ့ စက်ရုပ်တွေဟာ ဆန်းဆန်းပြားပြား ဒီဇိုင်းတွေ အပြင် သူမတူတဲ့ စွမ်းဆောင်ရည်တွေပါရှိပါတယ်။ ခုဆိုရင်လည်း ဂျပန်နိုင်ငံက အင်ဂျင်နီတွေဟာ စက္ကန့် ၃၀ အတွင်း စက်ရုပ်ပုံစံပြောင်းလဲနိုင်တဲ့ ကားတစ်စီးကို တီထွင်နိုင်ခဲ့ကြပါတယ်။ ကားဟာ စက်ရုပ်ပုံစံပြောင်းလဲနိုင်တဲ့အပြင် လူကိုလည်း ကားထဲမှာ သယ်ယူနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=427,q=100/b9/b96f470a26d75b25d1b51788bfe7b7a867168dfb.jpg
https://s9.kh1.co/__image/w=650,h=366,q=100/63/63e967dc3374ddea0ea75dca8d1baa2c92af5e74.jpg

ဒီကားစက်ရုပ်ကိုတော့ " J-deite Ride " လို့ခေါ်ပြီး မတ်တပ်ရပ်ရင် ၁၂ပေ အရှည်ရှိပါတယ်။ စက်ရုပ်ပုံစံကော ကားပုံစံနဲ့ပါ လူနှစ်ယောက်ကို တင်ဆောင်ပေးနိုင်ပါတယ်။ အဲ့ဒီစက်ရုပ်ဟာ လမ်းလျှောက်နိုင်ပြီး လမ်းလျှောက်တဲ့အခါမှာတော့ တစ်နာရီကို ၀.၀၆ မိုင်သွားနိုင်သလို ပြေးလည်းပြေးနိုင်ပါတယ်။ ဒီစက်ရုပ်ကိုတော့ Kenji Ishida က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ Brave Robotics ရဲ့ CEO ဖြစ်ကာ စက်ရုပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Asratec ရဲ့ Project ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=368,q=100/02/026537d7af69487939f7b4a0c764f0220c638eff.jpg
https://s9.kh1.co/__image/w=550,h=466,q=100/e1/e10896fd5c6b88944b4787f0f313a2f2e7a7fa2b.jpg

Ishida က ‌သူရဲ့ကလေးဘ၀က Anime တစ်ခုဖြစ်တဲ့ စက်ရုပ်တွေ ပုံစံပြောင်းလဲနိုင်တာကို သဘောကျပြီး ယခုလို ပြုလုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။ " စက်ရုပ်တွေက ဒီလိုအရာတွေကိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်လာတယ်၊ ဒါကြောင့်ပဲ ဒီစက်ရုပ်ကိုတီထွင်ဖို့ Motivation ရရှိခဲ့တာဖြစ်ပါတယ် " လို့ Ishida က ပြောခဲ့ပါတယ်။ Ishida ကတော့ လူတွေအနေနဲ့ စက်ရုပ်တွေကို ဈေးကြီးတဲ့ အရုပ်တစ်ရုပ်အဖြစ် မမြင်စေချင်ပဲ Animation တစ်ခုခုကနေ Inspires ယူထားတယ်လို့ပဲမြင်စေချင်မိတဲ့သူ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/24/24cb81bbd2bea9f69ae097ad334c2c0ce9b8d676.jpg
https://s9.kh1.co/__image/w=650,h=366,q=100/26/266bd75ee537830b7dc1b0cd520ef8f9940432dc.jpg

သတင်း အရင်းအမြစ်ABC News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T